အချစ်ညနဲ့ အချစ်ဘဝ
တိမ်စိုင်တွေပြိုကျ နှင်းခဲတွေငိုချသောည
အမိုက်မှောင်အလင်းမဲ့ တိမ်စိုင်တွေခိုးသွားသော
လမင်းမဲ့သောညမှာ နုပျိုမှုတွေအသက်သွင်းလို့
ချစ်သူရဲ့အရိပ်အောက်နားခိုရင်း နှလုံးသားအိပ်စက်ခဲ့တယ်
အဲဒီည ဘဝက ရိုင်းစိုင်းလွန်းသော ဆန္ဒစိတ် ကကြိုးတွေနဲ့
ကခုန်မြူးတူးရင်း မင်းကိုယ်တိုင် တပင်တိုင် ပါဝင်ခဲ့သလား..
အပေါ်ယံမြင်ကွင်းထဲက အလှတရားတွေ ပြုပြင်မွန်းမံလျက်
တန်ဘိုးတွေမြင့်တက်ဖို့ ရွှေမှုန့်တွေ ကြဲဖြန်းလိုက်တဲ့အခါ
ချစ်အိမ်ကလေးထဲ ကဗျာလွတ်တိုက်ပွဲ အပြန်အလှန် 
စစ်ဖြစ်နေဆဲ ချစ်ပြည်တွင်းထဲက ဝံပုလွေတကောင်ရဲ့
အငှားအိမ်မှာ အမည်မဲ့အချစ်အတွက် 
မနေ့က လူတစ်ယောက် အသက်ပျောက်ဆုံးခဲ့တယ်
နောက်တနေ့ ဒီအချိန်ဆိုရင်……….. 
အချစ်အိမ်မှာ တိမ်တောင်တွေမီးတောက်လောင်လို့
မီးခိုငွေ့တန်းတွေက နဂါးငွေ့တန်းတွေကို
ချေဖျက်တိုက်ခိုက်ကြတော့ နောင်တမြစ်ထက်မှာ
မှောက်ထားခဲ့တဲ့ ဘဝနေဝင် အချစ်အိမ်ဖြစ်ခဲ့တယ်။
တက္ကသိုလ်မြတ်မင်း
Comment #3
ba wa nay win a chit ang phyit ke de.
 By: ei lay at Nov 8, 2011
                        By: ei lay at Nov 8, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
နောက်တနေ့ ဒီအချိန်ဆိုရင်………..
အချစ်အိမ်မှာ တိမ်တောင်တွေမီးတောက်လောင်လို့
မီးခိုငွေ့တန်းတွေက နဂါးငွေ့တန်းတွေကို
ချေဖျက်တိုက်ခိုက်ကြတော့ နောင်တမြစ်ထက်မှာ
မှောက်ထားခဲ့တဲ့ ဘဝနေဝင် အချစ်အိမ်ဖြစ်ခဲ့တယ်။