Professional Authors

“ ဖိတ်စင်ခဲ့သော ဆေးစက်အချို့ ”

နင်နဲ့ ပတ်သတ်လို့ ရေးခဲ့တဲ့
ကဗျာတွေကလည်း
အပုဒ်ရေက သက်စေ့ဖြစ်နေပြီ … ။

ဆရာကြည်မောင်သန်းရဲ့
ကဗျာထဲမှာတော့ ဖတ်ဖူးတယ် … ။   
“ ကဗျာရေးတယ်ဆိုတာ
ရှုံးမယ့်မြင်းကိုလောင်းမိသလိုပါပဲ ” တဲ့လေ
ငါကတော့ ပေပေတေတေပါပဲ ။

ယုံကြည်ရာလျောက်ကြတဲ့ လမ်းမှာ
အရှုံးကို ကြိုသိတာက
ခံနိုင်ရည် ပိုရှိတာပေါ့ … ။

လရောင်အတွင်းမှာမှ လင်းချင်တဲ့နင်နဲ့
ကိုယ့်အလင်းကိုယ်ခင်းချင်တဲ့ ငါ
ဘယ်လိုမှတော့ အကြောင်းမပါနိုင်ဘူးပေါ့လေ ။

ကောင်မလေးရေ …
နင်ချစ်ဖူးတဲ့ ငါဆိုတဲ့ကောင်က
အမှောင်ကင်းတဲ့ နေတစ်စင်းကိုအသက်သွင်း
ရိုးသားမှု စည်းအတွင်းက
ကဗျာတစ်ပုဒ် ဖန်ဆင်းပြမယ်
လောကဓံကြီး တုန်ဟီးသွားအောင်လို့ … ။

In: ကဗျာ Posted By: Date: Oct 30, 2011
Comment #1

ကောင်မလေးရေ …
နင်ချစ်ဖူးတဲ့ ငါဆိုတဲ့ကောင်က
အမှောင်ကင်းတဲ့ နေတစ်စင်းကိုအသက်သွင်း
ရိုးသားမှု စည်းအတွင်းက
ကဗျာတစ်ပုဒ် ဖန်ဆင်းပြမယ်
လောကဓံကြီး တုန်ဟီးသွားအောင်လို့ … ။
ဖန်ဆင်းပြ လိုက်စမ်းပါဗျာ…အားပေးနေပါတယ်

Comment #2

goodတယ်ဗျာ…….
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment