Professional Authors

နားလည်ခြင်း

အဲဒီလိုပါပဲ
လွမ်းရင်းလွမ်းရင်းနဲ့
ရင်ခုန်သံ လွဲခဲ့တယ်
ဝမ်းနည်းစရာတော့ မဟုတ်ဘူးပေါ့…

ခုတော့
ထိုင်ကြည့်နေရုံလေးရယ်
စိတ်ကူးယဉ်တယ်ဆိုတာ
မလိုတမာကင်းတဲ့ ထွက်ပေါက်တစ်စင်းပေါ့…

ရပါတယ်
မိုးကုတ်စက်ဝိုင်းချင်းအတူတူ
ကောင်းကင်အဖြူအမဲ မခွဲပါဘူး
ငါကပဲ စွဲခဲ့တာမဟုတ်လား…

သူငယ်ချင်းရေ
နင်မယုံကြည်သူတွေစာရင်းမှာ
ငါ့ကို ထိပ်ဆုံးထားပေးစမ်းပါ
တခါတခါတော့ ငါလဲနာကျည်းတတ်ဖို့လိုပြီလေ…

ဆောင်းအကြွေ
နွေအပွင့်  
မိုးတံခွန်လွှင့်ချိန်မှာ နှိုးကြစမ်းပါ
နောက်ဆုံးဆိုတာ ဘယ်လို ညင်းပြောင်းမှုနဲ့
ဘ၀ကူးကောင်းစေမှာလဲ….

သတ္တုရောင် ကင်းကင်း
ပန်းခင်းတဲ့လမ်းမှာ နင်လျှောက်လိုက်စမ်းပါ
ကဗျာဆိုတာ ပန်းနုရောင်ကျိန်စာတချပ်ဆိုရင်
ငါလဲ မြင်မက်ခွင့်ရှိတယ်လေ….

In: ကဗျာ Posted By: Date: Oct 27, 2011
Comment #1

သတ္တုရောင် ကင်းကင်း
ပန်းခင်းတဲ့လမ်းမှာ နင်လျှောက်လိုက်စမ်းပါ
ကဗျာဆိုတာ ပန်းနုရောင်ကျိန်စာတချပ်ဆိုရင်
ငါလဲ မြင်မက်ခွင့်ရှိတယ်လေ….

ငါလဲမြင်မက်ခွင့်ရှိတယ်လေ….

ငါလဲမြင်မက်ခွင့်ရှိတယ်လေ…. …….။

တိုက်ဆိုင်တယ်…. တေ့တေ့ဆိုင်ဆိုင်ပြိုင်ခဲ့ဖူးတယ်…မျဉ်းနှစ်ကြောင်းရဲ့ ခေါင်းစဉ်ပေါ့….။

commentinfo By: terry at Oct 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment