Professional Authors

အလင်းဝေါဟာရ

ပရိုမီးသယပ်စ် မတွေ့ ခဲ့တဲ့

အလင်းတစ်မျိုးကို ..

မမျှော်လင့်ဘဲ ….

ငါတွေ့ ရှိခဲ့ တယ်…အဲဒိ အချိန်ကစလို့…

 

ငါတစ်ယောက်ထဲ နေတဲ့အခါ

အလင်းနဲ့ စကားပြောဖြစ်ပါတယ်..

ဆုံလည်ဝေါဟာရ တွေနဲ့

ကျရှုံခန်း စတဲ့ ..

ခေါင်းစီးစာတန်း တွေ ..ကတော့..

ဥဏှောက် က ဆဲလ်တွေ ကို

တိတ်တဆိတ် လုပ်ကြံနေလေရဲ့…

လူဆိုတာ တစ်ခါတစ်လေမှာ..

မျှော်လင့်ထားသလို ဖြစ်မလာခင်

(ဖြစ်မလာ သေးခင်)……..

ဒိလိုဘဲ ထိုင်နေကြရတာ မဟုတ်လား…

ဒါပေမယ့်..ငုတ်တုတ်မေ့ မနေဖို့ လိုတယ်..

လဲရင် ပြန်ထ ဒါ ဘ၀ ဘဲ….

လောကကြီးက ဘက်မလိုက်တတ် ဘူး ဆိုရင်..

လူတန်းစား ခွဲ ခြားမှုတွေကို ..

ငါအရေးမစိုက်ဘူး..

ဒီလိုဘဲလေ..

ဖွံဖြိုးစ စိတ်ရဲ့ အခြေအနေဆိုတာ..

အရာရာ ကို ထိသပ်ဝင်ရောက်ပြီးမှ

လက်ခံတတ်တာမျိုး….

In: ကဗျာ Posted By: Date: Aug 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment