Professional Authors

*ငါ့ရဲ့တစ်ဖက်သတ်*

ရင်ခုန်ခြင်းကို
အလိုလိုက်ခဲ့မိတာ
အငိုက်မိခဲ့ရပြီ …

ခါးသီးလှတဲ့
နာကျင်မှုတွေ
စောင့်ကြိုနေခဲ့မယ်ဆိုတာ
ပြောပြမယ့်သူမရှိခဲ့ဘူး …

အရူးအမူးဖြစ်ခဲ့ရပေမယ့်
တစ်မူးနှစ်မူးစာတောင်ပြန်မရခဲ့ဘူး …

အပြုံးတစ်ချက်က
အမုန်းတစ်သက်အဖြစ်
နှလုံးထက်မှာ
အဆုံးသတ်ခဲ့ရပြီ ….

အရှုံးဖက်ခဲ့ရလို့
ကျုံးပတ်ပြီး
သုံးသပ်တာတောင်
ဆုံးဖြတ်ချက် မချနိုင်ခဲ့ဘူး …

အစ မပိုင်ခဲ့လို့လား ….
ဓန မနိုင်ခဲ့လို့လား …
ဘဝ မခိုင်ခဲ့လို့လား ….
ခဏ ထိုင်စဉ်းစား ….
ခင်တာ သက်သက်ပဲလား ….
အကြင်နာ မဖက်ခဲ့ဘူးလား ….
ငါဟာ တစ်ဖက်သတ်တဲ့လား

 
In: ကဗျာ Posted By: Date: Nov 7, 2011
Comment #1

ဟားးးးဟဟားးးးး
ကဗျာကောင်းလေးပဲဗျ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 8, 2011
Comment #2

wow,,,wow,,,wow,,,wow,,,,
san san lay ne chit phoe kaung aung yan tway pone lay pe.

commentinfo By: ei lay at Nov 13, 2011
Comment #3

read 5 times again

commentinfo By: ei lay at Jan 10, 2012
Comment #4

😛
😛
😛

commentinfo By: ei lay at Aug 24, 2012
Comment #5

အရမ်းမိုက်တယ် ..
အားပေးသွားတယ် .

With respect,
RAY

commentinfo By: X - ray at Jun 28, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment