Professional Authors

မသိကိန်းများနဲ့ ဘာသာရပ်

မသိကိန်းများနဲ့ ဘာသာရပ်

 

အချစ်ဆိုတာ…

ကျနော် ဥာဏ်မမှီတဲ့

ဘာသာရပ်တစ်ခု

သူ့ရဲ့အညွှန်းကိန်းတွေကို

နှလုံးသားနဲ့ ဖတ်မှရမယ်တဲ့။

 

ပေါင်းနှုတ်မြှောက်စား

သင်္ကေတတွေကြားက

မသိကိန်းတစ်ခု

ကျနော် အဖြေမထွက်ခဲ့ဘူး။

 

အဖြေဆိုတာ…

သူ့အပြုံးချိုချိုလား

သူ့ဆံနွယ်တွေရဲ့ရနံ့တွေလား

သူ့နှလုံးသားတစ်ခုလား

သင်ခန်းစာတွေ အထပ်ထပ်နဲ့

သူ့အတွေးတွေ ကျနော်…မဖတ်တတ်ခဲ့ဘူး။

 

ကျောင်းဆရာအိုကြီးရဲ့ရိုက်ချက်

ခပ်ပြင်းပြင်းအောက်မှာ

ကျနော့် နှလုံးသား စပ်ဖျဉ်းဖျဉ်းပေါ့

ဒီဘာသာရပ်နဲ့ပတ်သက်ရင်

ကျနော် စာမတတ်ခဲ့ဘူး။   ။

 

In: ကဗျာ Posted By: Date: Feb 13, 2014
Comment #1

L.O.V.E is……….. N.O.T.H.I.N.G

commentinfo By: နွေ at Feb 14, 2014
Comment #2

Love=Pain

commentinfo By: ei lay at Feb 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment