Professional Authors

တိုင်စာ (terry)

ဦးဖေနောင်မယ်ထံသို့
ရိုသေစွာ
ကဗျာရေးလိုက်ပါတယ်။
(အမြင်) နဲ့မနာ
(ရင်) နဲ့သာနာတော်မူပါ………။

စမ်းရေသေဂီတလို စိတ်ညို့မျက်ဝန်း
နှင်းဆီနက်တစ်ပွင့်ရဲ့ယဉ်ကျေးမှု့
စွယ်စုံကျမ်းတစ်အုပ်ရဲ့အိနြေ္ဒနဲ့
တိကျစွာကို လှပါသည်။
သူမသည် လှပါသည်။
ထို့ နောက်လှပါသည်။
ထို့ အပြင်လှပါသည်။

အဲ့သလိုမျိုးကြီးတော့မရယ်ပါနဲ့။
မှန်ဘီလူးမဟုတ်လို့ ….
နောက်ကိုလည်းမျှော်မကြည့်ပါဘူး
သူဌေးကိုလည်းမကြည့်သလို
သူဌေးသမီးကိုလည်းမကြည့်ပါဘူး
တကယ်ကို
စိတ်မလှုပ်ရှားတာပါ
သူကသူဖြစ်နေလို့ 
ရင်ခုန်မိတာ
သူ့ မှာသာအပြစ်ရှိပါတယ်။

မဖြစ်ညစ်ကျယ်
မကောင်းဆိုးဝါးတစ်ချို့
မလှမ်းမကမ်းက
မယောင်မလည်လုပ်တာကိုလည်း
မကြိုက်ဘူး……..
မရှုဆိတ်လို့ ပြောတာမဟုတ်လို့ 
မဦးမချွတ်ပြောရရင်
ကျွန်တော်သူ့ ကို
မကြားတကြားလေးပဲ
ခိုးပြီးချစ်နေရလို့ ပါ။

ကျွန်တော်ကလည်းခက်တယ်။
လင်းသလောက်ပူတဲ့
ကြယ်တာရာလိုအကြည့်မျိုးကိုမှ
မျက်တောင်မခတ်တမ်း
စုထားချင်တာဆိုတော့
နောင်ရေးအခက်မတိုးအောင်
ကျွန်တော့လို
သူခိုးကိုပဲ
ဘဏ္ဍစိုးခန့်အပ်တော်မူပါ။

                                            terry(20.10.2011)10:00pm
                                                 [email protected]

In: ကဗျာ Posted By: Date: Oct 22, 2011
Comment #1

ကြယ်တာရာလိုအကြည့်မျိုးကိုမှ
မျက်တောင်မခတ်တမ်း
စုထားချင်တာဆိုတော့
နောင်ရေးအခက်မတိုးအောင်
ကျွန်တော့လို
သူခိုးကိုပဲ
ဘဏ္ဍစိုးခန့်အပ်တော်မူပါ။
လုလင် အားပေးသွားတယ်နော်

Comment #2

မြင်ဖူးတဲ့တိုင်စာတွေထဲ ဒီတိုင်စာအလှဆုံးပဲ
အားပေးသွားတယ်ဗျ ။

commentinfo By: X - ray at Oct 22, 2011
Comment #3

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Oct 22, 2011
Comment #4

စမ်းရေသေဂီတလို စိတ်ညို့မျက်ဝန်း
နှင်းဆီနက်တစ်ပွင့်ရဲ့ယဉ်ကျေးမှု့
စွယ်စုံကျမ်းတစ်အုပ်ရဲ့အိနြေ္ဒနဲ့
တိကျစွာကို လှပါသည်။
သူမသည် လှပါသည်။
ထို့ နောက်လှပါသည်။
ထို့ အပြင်လှပါသည်။
အရမ်းအရမ်းကိုလှပါတယ်ခင်ဗျာ…။
အားပေးသွားပါတယ်…။ဦးဖေနောင်မယ်ဆိုတာတော့သိပ်မရှင်းဘူး
ဘယ်သူတုန်းဗျအဲဒါက..။
တာရာ

commentinfo By: tayarkoko at Oct 22, 2011
Comment #5

စမ်းရေသေဂီတလို စိတ်ညို့မျက်ဝန်း
နှင်းဆီနက်တစ်ပွင့်ရဲ့ယဉ်ကျေးမှု့
စွယ်စုံကျမ်းတစ်အုပ်ရဲ့အိနြေ္ဒနဲ့
တိကျစွာကို လှပါသည်။
သူမသည် လှပါသည်။
ထို့ နောက်လှပါသည်။
ထို့ အပြင်လှပါသည်။…ဒီစာသားလေးတွေကြိုက်တယ်..saved ထားလိုက်ပြီ..
ကဗျာကတော့ပြောစရာမလိုအောင်ကောင်း

commentinfo By: sharon myorr myor at Oct 22, 2011
Comment #6

ကိုတယ်ရီ . . လုပ်ထားဗျာ . . . ကောင်းတယ် ဗျို့  .. . . . .

commentinfo By: လမင်းဇော် at Oct 22, 2011
Comment #7

goodတယ်ကိုတယ်ရီ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 23, 2011
Comment #8

he..he,,,

commentinfo By: ei lay at Oct 25, 2011
Comment #9

လင်းသလောက်ပူတဲ့
ကြယ်တာရာလိုအကြည့်မျိုးကိုမှ
မျက်တောင်မခတ်တမ်း
စုထားချင်တာဆိုတော့
နောင်ရေးအခက်မတိုးအောင်
ကျွန်တော့လို
သူခိုးကိုပဲ
ဘဏ္ဍစိုးခန့်အပ်တော်မူပါ။. အင်း အဲ့ဒါလေးက်ုကြိုက်တယ်

commentinfo By: kaungzaw at Oct 26, 2011
Comment #10

hote de,,
khoe chit ya tar pin pan de,
sate nyit de.
paw tin pe pyaw like dot me.

commentinfo By: ei lay at Oct 27, 2011
Comment #11

အားဆေးတွေတိုက်ကျွေးကြတဲ့မောင်နှမအားလုံးကို
လှိုက်လှဲစွာကျေးဇူးတင်ပါတယ်..ဗျာ… ။ 🙂

commentinfo By: terry at Oct 28, 2011
Comment #12

ကိုတာရာကိုကို..ရေ…ကျွန်တော်သုံးထားတဲ့ဦးဖေနောင်မယ်ဆိုတဲ့စကားလုံးက
ညီသားနောင်မယ်ဆိုတဲ့စကားနဲ့ တူတဲ့ စကားလုံးပုံစံနဲ့ အနက်ကိုယူထားတာပါ…..
အခုတော့..ဦး…ပေါ့….နောင်မယ်….အဖေဖြစ်မယ့်… ချစ်သရဲ့ အဖေကို ဆိုလိုခြင်းပါ။ 🙂

commentinfo By: terry at Oct 28, 2011
Comment #13

ကျွန်တော်ကလည်းခက်တယ်။
လင်းသလောက်ပူတဲ့
ကြယ်တာရာလိုအကြည့်မျိုးကိုမှ
မျက်တောင်မခတ်တမ်း
စုထားချင်တာဆိုတော့
နောင်ရေးအခက်မတိုးအောင်
ကျွန်တော့လို
သူခိုးကိုပဲ
ဘဏ္ဍစိုးခန့်အပ်တော်မူပါ။
..
အရမ်းမိုက်တယ်….အားကျသွားပြီ….ဘဘ..လက်ကောင်းချက်ကတော့

commentinfo By: အသဲကွဲမိုး at Dec 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment