Professional Authors

“ ကြယ်ကလေးရဲ့ စာစီစာကုံး ”

တိတ်တိတ်ဆိတ်ဆိတ်လေး လ၀န်းရဲ့ သံစဉ်ကို
ခံစားကြည့်တော့ …
အိမ်မက်ဆန်တဲ့ တေးသွားက
ယုန်ကလေးကို တမ်းချင်းနဲ့ စ တယ် ။

အဲ့ဒီလိုနဲ့ တို့နှစ်ယောက်နိဒါန်း
ဘယ်အခန်းကမှ
လန်းလန်းဆန်းဆန်း မရှိခဲ့ဘူး ။

သိပ်တော့လည်း မထူးပါဘူးလေ
ဦးဦးဖျားဖျား …
နင့် အတွက် ဖယ်ထားတဲ့ကဗျာတောင်
လင်းကြက်တွေရဲ့ စာသားသဲ့သဲ့မှာ
ခပ်မဲ့မဲ့လေး ဖြစ်ခဲ့ရသေးတာပဲ ။

ငါတို့ ရဲ့စာကိုယ်မှာ
ဘယ် ပန်းချီကမှလည်း ၀ါမဆိုဘူးနော် …
အဲ့ဒီ့ ဆူးတွေနဲ့ ရှေ့ဆက်
တစ်ရက်ရက်မှာတော့
. . . . . . . ၊ . . . . . . .
 
မဆုံနိုင် သေးတဲ့နိဂုံး
ငါ ကိုက တုံးလွန်းတဲ့ ကြယ်ပါလား …

ကြယ်စစ်သည်

In: ကဗျာ Posted By: Date: Oct 19, 2011
Comment #1

မဆုံနိုင် သေးတဲ့နိဂုံး
ငါ ကိုက တုံးလွန်းတဲ့ ကြယ်ပါလား …
ကဗျာလေး ခံစား. .အားပေးသွားပါတယ် ။

commentinfo By: X - ray at Oct 19, 2011
Comment #2

အပိုဒ်စီတိုင်းကို ကြိုက်၏

commentinfo By: ကြက်ခြေခတ် X at Oct 19, 2011
Comment #3

ကျေးဇူးပါခင်ဗျာ… 🙂

commentinfo By: ကြယ်စစ်သည် at Oct 19, 2011
Comment #4

တိတ်တိတ်ဆိတ်ဆိတ်လေး လ၀န်းရဲ့ သံစဉ်ကို
ခံစားကြည့်တော့ …
အိမ်မက်ဆန်တဲ့ တေးသွားက
ယုန်ကလေးကို တမ်းချင်းနဲ့ စ တယ် ။
ကြိုက်တယ်ဗျ.

Comment #5

ကျေးဇူးပါကိုလုလင် 🙂

commentinfo By: ကြယ်စစ်သည် at Oct 22, 2011
Comment #6

ငါတို့ ရဲ့စာကိုယ်မှာ
ဘယ် ပန်းချီကမှလည်း ၀ါမဆိုဘူးနော် …
အဲ့ဒီ့ ဆူးတွေနဲ့ ရှေ့ဆက်
တစ်ရက်ရက်မှာတော့
. . . . . . . ၊ . . . . . . . like much

commentinfo By: အသဲကွဲ မိုး at Mar 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment