Professional Authors

ရင်တွင်းဖြစ်ဆုခြွေခြင်း

 

 

သူ့ရဲ့ယှဉ်ပြိုင်ခြင်း၊ ကိုယ့်ရဲ့ ယှဉ်ပြိုင်ခြင်း

အားလုံးရဲ့ ယှဉ်ပြိုင်ခြင်း ထိုယှဉ်ပြိုင်ခြင်းမှာ

မြိုချလို့ ရပ်တန့်မယ်ဆိုရင်

ကိုယ်ငြိမ်းချမ်းရေး တောင်းလိုက်ချင်တယ်။

 

သူ့ရဲ့ မာန်မာန၊ ကိုယ့်ရဲ့ မာန်မာန

အားလုံးရဲ့ မာန်မာန ထိုမာန်မာနပြိုင်ပွဲမှာ

ခဝါချလို့ မျိုသိပ်ရပ်တန့်မယ်ဆိုရင်

ကိုယ်အလွတ်တန်း ငြိမ်းချမ်းရေးတောင်းလိုက်ချင်တယ်။

 

သူ့ရဲ့အာဃာတ၊ ကိုယ့်ရဲ့ အာဃာတ

အားလုံးရဲ့ အာဃာတ၊ ထိုအာဃာတတွေကို

မေ့ပျောက်လို့ ရပ်တန့်ရမယ်ဆိုရင်

နိုဘယ်ဆုတွေနဲ့ ငြိမ်းချမ်းရေးပေးလိုက်ချင်တယ်။

 

သူ့ရဲ့အမုန်း၊ ကိုယ့်ရဲ့အမုန်း

အားလုံးရဲ့ အမုန်း၊ ထိုမုန်းမာန်မျိုးကို

ပြာချလို့ ရပ်တန့်ရမယ်ဆိုရင်

ကိုယ့်ဒေါသမိုးကြိုးကို ကလေးကစားစရာရုပ်လုပ်လိုက်ချင်တယ်။

 

သူရဲ့ မေတ္တာ၊ ကိုယ့်ရဲ့ မေတ္တာ

အားလုံးရဲ့ မေတ္တာ၊ စောလူးမင်းကို

အနိုင်မယူသော မင်းကျန်စစ်လိုမျိုး

ပွားနိုင်ခဲ့ရင် ကိုယ့်ပေးလိုက်ချင်တယ်။

 

ဒွန်တွဲလို့ဖြစ်စေ၊ တြိခိုက်လို့ဖြစ်စေ

မျက်နှာချင်းဆိုင်ရင်၊ ကြာပန်းခိုင်သို့

မွှေးကြိုင်ရနံ့ ထုံသင်းပျံ့ဝေ

လှပစေမည် တို့တွေအကျိုး

ရည်မျှော်ကိုးလို့ ရိုကျိုးပနာပြုပါစေသား။ 

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment