Professional Authors

နှင်းဆီတင်ရထား (မအိ)

အရုဏ်သို့ ချဉ်း
နှင်းခ မျက်တောင် ငွေရောင်ပိတ်ဖုံး
အရှေ့တစ်ခွင်လုံးမှိုင်း၊ မြူတံတိုင်းကာဆီး
မေလည်း . . . ခရီးသည်။

ပြတင်းဝမှာ
ပန်ပါ့နှင်းဆီ၊ မခွဲမီလွမ်း
ရှိုက်နမ်းမွှေးမြ၊ ထုံးနှောင်လွဝယ်
ကြွရွနီဝေ၊ မကြွေခင်တော့ ပြန်ခဲ့မယ်။

နှင်းတွေနဲ့ဖိ
မေ့ပေါ်အိကျ၊ မောလျဖိုလှိုက်
နှင်းနံ့တစ်ရှိုက်၊ ပန်းတစ်ရှိုက်လေ။

ရှေ့နောက်ဝဲယာ၊ မမြင်သာဘူး
ရပ်ရှစ်မျက်နှာ၊ မြူမွေ့ရာခင်း
နှင်းတို့ပျော်ပါး၊ အကစားမက်
ဝှေ့ယမ်းနှုတ်ဆက်၊ အလွမ်းလက်ကလေး
ဝေး . . . ဝေး . . . ဝေးရှာ။

တဖြည်းဖြည်းချင်း၊ အလင်းတောက်ပ
မြူငွေ့ပါးလျ၊ ရထားအထွက်
မေ့မျက်ဝန်းထဲ၊ နှင်း . . . ဝေဆဲကွယ်။

 မအိ
(ရှုမဝမဂ္ဂဇင်း၊၁၉၈၂)

In: ကဗျာ,မအိ Posted By: Date: Oct 14, 2011
Comment #1

THANK U MY DEAR! I LOVE THIS ONE TOO 😉

commentinfo By: နတ် သ မီး at Oct 15, 2011
Comment #2

ဆရာမတို့ ကဗျာဆရာအသင်းထူထောင်မယ်ကြား၇လို့ ဝမ်းသာရပါတယ်
ဒါမှလည်းကျွန်တော်တို့ လို လူငယ်တွေ အားတက်ရတာပေါ့

commentinfo By: ချစ်မိုးဦး at Dec 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment