Professional Authors

အချစ်တစ်ခုရဲ့ ဇာတ်သိမ်း

အချစ်ဆုံးနင်နဲ့ ဝေးရပြီးတဲ့အခါမှာ
ငါ့မှာ နင့်အစား မိုးရေတွေကိုပဲ ငေးကြည့်နေရတာပါ
ဒါမှ မိုးရေတွေကို ငေးကြည့်ရင်း
ငါခံစားနေရတဲ့ ဝေဒနာတွေ ပြေပျောက်သွားမှာဆိုပြီးတော့လေ

ဒါပေမဲ့ မိုးတွေရွာနေတဲ့ အချိန်မှာ
ဘာဖြစ်လို့ ငါ့ဝေဒနာတွေ ပိုဆိုးလာတာလဲ?
အချိန်တွေ ဒီလောက်ကြာပြီးတာတောင်
ငါဘာလို့ ငိုကြွေးနေမိသေးတာလဲ?
ငါဒီခံစားချက်တွေကို ရပ်တန့်ပစ်လိုက်ချင်ပြီဟာ
နင်နဲ့ မဆုံခဲ့ဘူးသလိုပဲ ငါနေလိုက်ချင်ပြီ
လူတွေမသိနိုင်တဲ့ တစ်နေရာမှာ
ငါတို့ရဲ့ အတိတ်ရယ် ငါ့နှလုံးသားရယ်ကို
မြေမြှုပ် သဂြိုလ်လိုက်ချင်ပြီ……

P<3 

In: ကဗျာ Posted By: Date: Dec 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment