Professional Authors

စိတ်ကူးယဉ် အချစ်မြို့ဟောင်း

ကောင်မလေးရယ် …
ဟိုအရင်က အတိတ်တွေကြား
အဝေးဆုံးကို ထွက်သွားပြီး
တစ်ယောက်တည်းကျန်ခဲ့တဲ့ ငါဟာ …
မင်းနဲ့ တွေ့မှ အချစ်ဆိုတာ
မွေးဖွားလာတဲ့ လ တစ်စင်းပါ …

ငါ့အချစ်ဟာ မွေးဖွားပြီးပြီးချင်း
အရွယ်မရောက်ခင် သေဆုံး
တကယ်မုန်းခဲ့လို့
ငါ့ကို ထားသွားတာလား ….

ပျော်ရွှင်ခဲ့တဲ့ နေ့တွေကို လွမ်းလို့ဆွေး
နှုတ်ဆက်ပြီး ထွက်ခွာသွားတဲ့ ချစ်သူကို
တစ်ခုပဲ မေးချင်နေခဲ့တာပါ …

ပြန်လာမယ်ဆိုတဲ့ အိပ်မက်တွေပျောက်ဆုံး
ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့
ငါ့ရဲ့ စိတ်ကူးယဉ် မြို့လေးလည်း
တစ်ဖြေးဖြေး ပျက်သုဉ်းနေပြီကွယ် …  ။

Zero  <<<< zeroboyz123@gmail >>>>

In: ကဗျာ Posted By: Date: Mar 15, 2012
Comment #1

တစ်ယောက်တည်းကျန်ခဲ့တဲ့ ငါဟာ …
မင်းနဲ့ တွေ့မှ အချစ်ဆိုတာ
မွေးဖွားလာတဲ့ လ တစ်စင်းပါ

commentinfo By: kantkawmg at Mar 15, 2012
Comment #2

wowwwwwwwwwww
excellent.

commentinfo By: ei lay at Mar 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment