Professional Authors

ဆန္ဒ

မျက်ဝန်း တစ်စုံရဲ့
ညို့နိုင်စွမ်းဟာ
ငလျင်ပေါင်းထောင်သောင်းကို
ငါ့ရင်ထဲ မှာ လှပစွာ
လှုပ်ခတ်နိုင်စေလေရဲ့
သူမခြေလှမ်းအကျမှာ
နှလုံးသားဟာ အိကနဲ အိကနဲပေါ့
လှ လိုက်တဲ့
နုတ်ခမ်း
ချစ်စရာကောင်းတဲ့
မျက်ဝန်း
လမင်းက ငို
တိမ်တွေ က မင်းကြောင့် ပြိုကြလေရဲ့……
လင်းလက်တဲ့
အနာဂါတ်
လှပတဲ့
အိပ်မက်တွေနဲ့
ကိုယ့်ကို လေ ရှင်သန်ခွင့်ပေးပါ…….
မင်းအနားမှာပေါ့
စကားလေးတွေကို ဖောင်ဖွဲ့
ချစ်ခြင်းဆိုတဲ့ ကမ်းနားလေးကို
တစ်နှစ်ဦးသားကူးကြရအောင်……
ိကိုယ်လက်ကိုတွဲပါ
ယုံကြည်မှုကို ဆုတ်ကိုင်ပါ
ရှေ့မှာ မျှော်လင့်ခြင်း
ရှေ့မှာ ကြင်နာခြင်း
ရှေ့ မှာ သာယာခြင်းဆိုတဲ့
အုတ်သဲ ကျောက်တို့နဲ့
လှပစွာဆောက်လုပ်ထားတဲ့
တို့ရဲ့ ချစ်ခြင်းမေတ္တာအိမ်လေးလေ……
လှပတဲ့ သံစဉ်တွေက
ဝင်ထွက်လျှက်ပေါ့
ကိုယ့်လက်မောင်းကိုမှီပြီး
သက်သာစွာ
အိပ်စက်အနားယူပါလော့
မင်းနှဖူးပေါ်က
ချွေးစက်ကလေးတွေ
ကြင်နာစွာသုတ်ပေးပါရစေ မေ……။

In: ကဗျာ Posted By: Date: Oct 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment