Professional Authors

လွဲမှားခြင်း

“လွဲမှားခြင်း”

 

ဖြစ်ချင်ခဲ့တာ

ထက်မြတ်တဲ့လူတစ်ယောက်

ဖြစ်လာတာ

ငတုံးတစ်ယောက်

လိုချင်ခဲ့တာ

နွေးထွေးတဲ့မေတ္တာ

ရနေတာ

 ရက်စက်တဲ့ဥပေက္ခာ

ပိုင်ဆိုင်ချင်ခဲ့တာ

ရိုးသားဖြူစင်သူ

ပိုင်ဆိုင်လိုက်ရတာ

ကောက်ကျစ်စဉ်းလဲသူ

ပေါင်းသင်းချင်တာ

စာနာနားလည်မျှတသူ

ပေါင်းသင်းနေရတာ

စာနာနားလည်မျှတစိတ် ပျောက်သူ

ကုန်ဆုံးချင်ခဲ့တာ

 ပျော်ရွှင်ချမ်းမြေ့ဖွယ်ဘဝ

ကုန်လွန်နေရတာ

 နာကြည်းစိတ်ပျက်ဖွယ်ဘဝ

ကျော်လွန်ချင်ခဲ့တာ

 နှစ်ခြိုက်စွာအိပ်မောကျတဲ့ည

ကျော်လွန်နေရတာ

စိတ္တဇည

လွဲမှားချင်ခဲ့တာ

သည်လွဲမှားခြင်းတွေ

လွဲမှားနေရတာ

“လွဲမှားခြင်း”……တွေ။

 

ပန်းခရေ(ရင်တွင်းဖြစ်)

In: ကဗျာ Posted By: Date: Oct 12, 2011
Comment #1

excellent,,,
it’s called our human life

commentinfo By: ei lay at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment