Professional Authors

“ကြယ်တွေစုံနေလေရဲ့”

ညကိုအလှဆင်ထားတဲ့
သဘာဝရဲ့မပွင့်မလင်းအလှကိုမြင်ပြီး
ဘာကိုလွမ်းလို့လွမ်းမှန်းမသိလွမ်းနေပါရဲ့
အိမ်ကိုလား……..တစ်ယောက်သောသူ့ကိုလား
လွမ်းတော့လွမ်းနေတာပါပဲ
သူတို့ကိုတွေ့လို့ အားကိုးတကြီးရင်ဖွင့်ဖို့ကြံတော့
အပေါ်စီးကပြုံးပြနေကျတယ်
ကိုယ်လွမ်းနေပါမှ ရယ်ပြနေသေး
ချစ်ရက်ကတောင်မုန်းချင်လာတယ်
ဒါပေမဲ့ဖြည့်တွေးလိုက်ပါတယ်
ငါ့ကိုအားပေးခြင်းများလားပေါ့
အဲ့အချိန် ကသုတ်ကရက်ဖြတ်သွားတဲ့လေပြေးရဲ့
ပြန့်ထွက်လာတဲ့ညရနံကိုရလို့
အားပါးတရရှိုက်လိုက်တယ်
ရင်ဘတ်ထဲနွေးသွားလို့သက်တောင့်သက်သာရှိသွားလေရဲ့
သတိရလို့နာရီကြည့်တော့မှ လမွန်းတောင်တည့်နေပီ
လှည့်ကင်းတွေ့လို့ကွမ်းယာတေင်းဝါးပီး
မလင်းတဲ့မီးတိုင်အောက် ပေထိုင်နေလိုက်တယ်
သော်တာနဲ့စကားပြောမယ်ပေါ့
ကိုယ်ပါးစပ်ဟတာလည်းမြင်ရော
သူမကတိမ်တွေထဲဝင်ပုန်းနေတယ်
စကားပြောစရာအဖေါ်လည်းမရှိလို့
ရုပ်စုရုပ်စုနဲ့သူတို့ရှဲု့စကားဝိုင်းကိုတွေ့လို့
ပြောစရာအဖေါ်ရပီဆိုပီး လှမ်းမေးလိုက်တယ်
ဟေ့ဘာပြောနေကြတာလည်း“လို့မေးတော့
ဗီးနပ်စ်ရဲ့လက်ကိုရှာဖို့ဆိုပဲ
“ရှာမနေနဲ့ဆေးခန်းသွာတက်လိုက်လေ”ဆိုတော့
ငါ့ကောင်ရေ အထူးကုကဈေးကြီးတယ်ဆိုပဲ
ကျုပ်တောင်အလွမ်းတွေရှိုက်လွန်းလို့
ချောင်းဆိုးချွဲကျပ်ဖြစ်နေတာ
ဆေးရုံကြီးမှာပဲကုတယ်”လို့
ကျနော်ပြန်ပြောလိုက်တယ်
သူတို့ကစိုးရိမ်တကြီးနဲ့လှမ်ပြောသေးတယ်
မင်းတော့ဆေးကုမှားပီ မင်းဖြစ်နေတာကင်ဆာဆိုပဲ
ကျနော်ဝအောင်ရယ်ပီးမှ ပြန်ပြောလိုက်တယ်
အပေါက်စောင့်တွေကို လဘ္ဘရည်ဖိုးနှစ်ရာပေးလိုက်ရတည်းက
ကျနော့်ရောဂါ ဆေးမတိုးတော့ဘူးဆိုတာ သိပီးသားလို့”
ပြောပြီး ကျနော်လည်းကိုယ့်ခြေထောက်နဲ့ကိုယ်ပြန်လာလိုက်တယ်
သူတို့လည်းခေါင်းကုတ်ပီးကျန်ခဲ့လေရဲ့
ပီးတော့လမ်းမှာ ကျနော်ရင်ပူလို့ မိုးခါးရေငါးဆယ်ဖိုးဝယ်သောက်တယ်
နှင်းဆီတစ်လိပ်ဖွာဖြစ်တယ်
မှတ်မှတ်ရရ……..အဲ့ညက
ကြယ်စုံတက်စုံရှိနေလေရဲ့………….

In: ကဗျာ Posted By: Date: Oct 11, 2011
Comment #1

ကဗျာဖတ်သွားတယ်ဗျ အမှန်အတိုင်းပြောရရင်တော့ ဒီကဗျာမတိုင်ခင်တင်တဲ့ ကဗျာလေးကပိုဖတ်လို့ကောင်းတယ်ထင်တယ် ကျွန်တော့အမြင်ပြောတာပါ ဘယ်ကဗျာမဆို ပေါ့ပေါ့တန်တန်ရေးထားတာမဟုတ်လို့ ကဗျာတိုင်းက သူအနှစ်နဲ့သူတော့ ကောင်းတာချည်းပါဘဲ အားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Oct 11, 2011
Comment #2

ကျေးဇူးအရမ်းတင်ပါတယ် x-ray ရေ ကျနော့်ကဗျာလေးတွေကို ဝေဖန်ပေးပါဗျာ
🙂

Comment #3

သတိရလို့နာရီကြည့်တော့မှ လမွန်းတောင်တည့်နေပီ
လှည့်ကင်းတွေ့လို့ကွမ်းယာတေင်းဝါးပီး
မလင်းတဲ့မီးတိုင်အောက် ပေထိုင်နေလိုက်တယ်
သော်တာနဲ့စကားပြောမယ်ပေါ့
လုလင်ဒုတိယ အကြိမ် (ဖေ့ဘုတ်က ပထမ အကြိမ်ပေါ့ ) အားပေးသွားပါတယ်

Comment #4

ကြိုက်သွားပြီ ကိုမြတ်သူရေ..။ ခင်ဗျားနာမည်မှာလှည်းတန်းဆိုကတည်းက ဒီကဗျာရဲ့ အရိပ်အမွေ့ကို လှည်းတန်းက တစ်ချို့ကျွန်တော် ပိုင်ဆိုင်ဖူးခဲ့တဲ့ ညတွေလို့ ပဲေ၇ာ ခံစားလိုက်တယ်ဗျာ။

commentinfo By: ကိုကိုဖရီး at Oct 12, 2011
Comment #5

ပြောပြီး ကျနော်လည်းကိုယ့်ခြေထောက်နဲ့ကိုယ်ပြန်လာလိုက်တယ်
သူတို့လည်းခေါင်းကုတ်ပီးကျန်ခဲ့လေရဲ့
ပီးတော့လမ်းမှာ ကျနော်ရင်ပူလို့ မိုးခါးရေငါးဆယ်ဖိုးဝယ်သောက်တယ်
နှင်းဆီတစ်လိပ်ဖွာဖြစ်တယ်
မှတ်မှတ်ရရ……..အဲ့ညက
ကြယ်စုံတက်စုံရှိနေလေရဲ့………….

အဲ့ဒီနေရာလေးကြိုက်တယ်….ဗျ…. ။ 🙂

commentinfo By: terry at Oct 12, 2011
Comment #6

အားပေးတာကိုကျေးဇူးအထူးတင်ပါတယ်ဗျာ လိုအပ်တာလေးတွေကိုဝေဖန်ပေးပါဗျာ
ကျေးဇူးတင်ပါတယ် 🙂

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment