Professional Authors

ပျင်းနေပြီလား

“ပျင်းနေပြီလား”

လောကကြီးက အိပ်မှုံစုံမွှားနဲ့
မိုးမလင်းချင်လောက်အောင်
ပျင်းနေတယ် …
မြင့်ရာနိမ့်စီး မြစ်ကြီးတွေလည်း
ကျောပေါ်မှာ သောင်ပြင်တွေ ထွန်းလောက်အောင်
ပျင်းနေတယ် …
အကျင့်ပါနေတဲ့ ရော်ရွက်ဝါတို့ကလည်း
မြေထုပေါ်မှာ လှဲအိပ်ချင်ရလောက်အောင်
ပျင်းနေတယ်…
လမ်းမပေါ်က ဆေးလိပ်တို
ပျင်းရိလေးတွဲစွာ နဲ့ မီးသေရမှာ ပျင်းနေတယ် …
အနိစ္စ ခေါင်းစဉ်အောက်က လူတစ်ယောက်
နှလုံးတစ်ခါခုန် အသက်တစ်ခါ ရှုရမှာကို
ပျင်းနေတယ် ..
ဒီလောက် ပျင်းစရာကောင်းတဲ့
လောကကြီးမှာ
ယမကာ ခပ်ပြင်းပြင်း သောက်ပြီး
ပျင်းလိုက်မယ်…
ဘယ်လိုလည်း
သင်ရော ပျင်းနေပြီလား … ???

နေမင်းခ (မန်းမြေ)

In: ကဗျာ Posted By: Date: Oct 11, 2011
Comment #1

ပြင်းတာတော့ မပြောနဲ့တော့ ကွယ်ရို့ … မနေ့က ခပ်ပြင်းပြင်း ၀တ်မှုရွှေရည်လေးကို ဖက်နမ်းလိုက်တာ သူက ခပ်ပြင်းပြင်း ပါးပြန်ရိုက်လိုက်လို့ … ဆေးခန်း သွားပြပြန်တော့ ဆရာဝန်က ခပ်ပြင်းပြင်း ယူလိုက်ပြန်တော့ စိတ်ညစ်ပြီး..ခုခပ်ပြင်းပြင်း မန္တလေးရမ်လေးပဲ ကစ်တော့မယ်ဗျာ ။ ။

commentinfo By: ကိုကိုဖရီး at Oct 11, 2011
Comment #2

တစ်ခါတစ်လေတော့လည်း ပျင်းတယ်ဗျ ဒါပေမယ့် ပျင်းတိုင်း ခပ်ပြင်းပြင်းသောက်ရမယ်ဆိုရင် ကျွန်တော်ကတော့ အရက်ပြန် ခပ်ပြင်းပြင်းလေး တစ်ပိုင်းလောက် သောက်ချင်တယ် ကဗျာလေး ဖတ်လို့တကယ်ကောင်းတယ် အားပေးသွားတယ်။

commentinfo By: X - ray at Oct 11, 2011
Comment #3

ပျင်းပျင်းနဲ့ ဘီယာ စုပ်ရရင်ကောင်းမယ်

Comment #4

ပျင်းတယ်

commentinfo By: အသဲကွဲမိုး at Dec 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment