Professional Authors

အတိတ်မေ့နေတဲ့ စိတ္တဇလူ

ပရမ်းပတာစိတ်ကူးတွေ

လေတိုက်တိုင်းလွင့်ပါလာရင်း

ဒီအတိုင်းပဲ စီးမျောခဲ့တယ်

လှည့်မကြည့်ဖြစ်ဘူး

တစ်ရေးနိုးကြားမိတဲ့ ကိုယ့်အသက်ရှူသံပြင်းပြင်း

တွန့်ကြေမွခဲ့တာလည်း အခါခါ

ဘာဆက်လုပ်ရမလဲ

ဘယ်ဆက်သွားရမလဲ

ဘယ်သူတွေစောင့်ကြိုနေကြမလဲ

ဆံနွယ်ရိုင်းတွေ အုပ်မိုးထားတဲ့ကမ္ဘာ

ငါ့စိတ်ပြူတင်းပေါက်ကို ပိတ်ထားတာကြာပြီ

ခု..ခပ်တိုးတိုးရေရွတ်မိတာ

ကဗျာတစ်ပုဒ်လား…သီချင်းတစ်ပိုဒ်လား

ဒါမှမဟုတ် ..ယောင်ယမ်းညည်းညူသံလား

ငါ့ကိုယ်ငါ လျစ်လျူလိုက်ရင်း

သက်ပြင်းခပ်တောင့်တောင့်တစ်ချက်ကို

ရှိုက်…..ဖွာ…..လိုက်….တော့…. ။

 

In: ကဗျာ Posted By: Date: Oct 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment