Professional Authors

“မြို့ ကလေး”

မြို့ ကလေးရဲ့ လမ်းဟောင်းတွေက

မိုးရနံ့တွေ သင်းလို့ ………….

 

မြို့ ကလေးရဲ့ ညနေခင်းတွေက

နှင်းဆီရနံ့တွေ သင်းလို့ …………

 

မြို့ ကလေးရဲ့ လေးညှင်းလေးတွေက

မွှေးပျံ့  လတ်ဆတ်လို့ ………..

 

မြို့ ကလေးရဲ့ အထင်ကရ ကန်တစင်းက

အမြဲတမ်း မာန်တင်းလို့………..

 

မြို့ ကလေးရဲ့ စီးပွါးရေးက

အချက်အချာကျလို့……………

 

ဟိုယခင်က ရေမနောက်တဲ့

ကြာမပေါက်တဲ့

ကြိုးကြာ မသောက်တဲ့

ရိုးရာမပျောက်တဲ့ အမွေအနှစ်

ကန်ကလေးမှာ ဖြစ်တည်

မြို့ သူမြို့ သားတွေရဲ့

ချစ်ကြည်ရေးဖြစ်တယ်………..

 

မြို့ ကလေးရဲ့ ကန်ပတ်လမ်းက

အမြဲတမ်းရေလျှံလို့ (မိုးတွင်းဆိုရင်)……….

 

မြို့ ကလေးရဲ့ ပင်ပျို ပင်အိုတွေက

အမြဲတမ်း ကန်ရနံ့ သင်းလို့……………

 

မြို့ ကလေးရဲ့ ရာဇ၀င်က

ဘယ်တော့မှ နေမ၀င်ဖူးလေ…………….

 

မြို့ ကလေးရဲ့ အိပ်မက်က

မြို့ သူမြို့ သားတွေရဲ့ အနာဂတ်မို့………..

 

ဒီမြို့ ကလေးကိုပဲ အခါခါ စွန့်ခွါကြ

ဒီမြို့ ကလေးကိုပဲ အခါခါ လွမ်းဆွတ်ကြနဲ့

……………………………………………….

……………………………………………….

……………………………………………….

 

မြို့ ကလေးကတော့ သူ့ပုခက်တွင်းမှာ

သောကကင်းစွာနဲ့ အိပ်စက်လို့………………။                      

 

                                             စစ်အေးငြိမ်း (11.10.11)

 

In: ကဗျာ Posted By: Date: Oct 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment