Professional Authors

မျှော်လင့်ခြင်းအစစ်

***ဝေးနေရတာမချစ်လို့မှမဟုတ်တာ
ကံကြမ္မာရွှေ့ တဲ့နယ်ရုပ်အရ
နင်နဲ့ငါခဏဝေးနေတာပါ
ဒါပေမယ့်စိတ်ထဲမှာမင်းပဲရှိတယ်

***ကြယ်စင်တွေပွင့်တိုင်း ညမှမဟုတ်တာ
နာရီတွေသတ်မှတ်တဲ့အချိန်တစ်ခုအရ
နင်နဲ့ငါ ခဏဝေးနေရတာ
မနက်ခင်းလည်း ငါ မင်းပဲလွမ်းနေတယ်………

***မျှော်လင့်နေတာ…
တစ်ခုတည်းရှိတယ့်
ငါ့ရင်ခွင်ကိုမင်းယုံပေးပါ……
ငါ့ဘေးမှာအဖော်တွေများများ
မင်းအနားမှာရှိတာလောက်
အင်အားတစ်ခုမဖြစ်ခဲ့လို့ပါ………..

***မကုန်ဆုံးသေးတဲ့
ဝေးကွာခြင်းပြက္ခဒိန်မှာ
ငါ့ချစ်ခြင်းနဲ့လွမ်းခြင်းနေ့စွဲတွေရေးခြစ်ပြီးရင်
မင်းအနားကို
တနေ့တော့ရောက်ရှိလာမှာပါ…………

In: ကဗျာ Posted By: Date: May 4, 2011
Comment #1

“***မကုန်ဆုံးသေးတဲ့
ဝေးကွာခြင်းပြက္ခဒိန်မှာ
ငါ့ချစ်ခြင်းနဲ့လွမ်းခြင်းနေ့စွဲတွေရေးခြစ်ပြီးရင်
မင်းအနားကို
တနေ့တော့ရောက်ရှိလာမှာပါ…………’
ကောင်းလိုက်တာဟာ…. ကဗျာတစ်ပုဒ်လုံးကြိုက်တယ်…..။

commentinfo By: ကေသရီ at May 5, 2011
Comment #2

ငမြူရေ
ဒါမျိုးကဗျာကောင်းကောင်းလေးတွေလဲရေးတတ်တယ်လား
😀

commentinfo By: လွမ်းနောင် at May 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment