Professional Authors

ဘဝသစ်အတွက် ခြေလှမ်း

ဘဝကို ရွက်လွှင့်စက သူရဲကောင်းသုံးယောက် ပါမလာခဲ့ဘူး
ညအခါ လသာသာမှာလည်း ကစားဖို့ဝေးစွ
နားတောင်မနားနိုင်ခဲ့ဘူး။

ထိခရုန်းပင်တွေရဲ့ ပျော့ညံ့မှုနဲ့ ချီတက်စ
စစ်သည်တစ်ယောက်ရဲ့အင်အားကို
မိုးလေဝသပညာရှင်တွေ မတိုင်းနိုင်လောက်ဘူး။

ခု ငါ့ဘဝရဲ့ ဘီဒီဟာ ၁၇ နှစ်အတွင်း
ပင်ပန်းခဲ့သူငါဟာ စင်ရော်ငှက်
လှိုင်းကလေးသင် ဘယ်မှာလဲ။

ညမှာ လရဲ့ဝင်းပမှုကို ချစ်သူကမော့ကြည့်
မောင်ရယ်… လသာတယ်
ချစ်သူ.. နေ့ဘက်အချိန်လည်း လရှိနေခဲ့ပါတယ်..

ခြေထောက်ပေါ်မရပ်နိုင်သရွေ့တော့
အုတ်ကြားက ရေညှိလိုပဲ
ဒူးနေရာဒူး တော်နေရာတော်ပေါ့။

ဘဝကို အငိုနဲ့စ
အငိုနဲ့ပဲဆုံး
ပျော်စရာဟာ ဘယ်မှာလဲ။

သဘာဝကို မသိမသာခလုတ်တိုက်မိ
ဥပဒေအရ လိပ်ပြာတွေကို
တရားမဝင် ကုန်ကူးမှုနဲ့ တရားစွဲခဲ့တယ်ဆိုပဲ။

ဝိုင်တစ်ခွက်ရဲ့ ချိုရီရီခံစားမှုကို မလိုလားဘူး
စစ်မက်ကိုလည်း မလိုလားဘူး
ချစ်သူရဲ့ရင်ခွင်ထဲမှာပဲ အပူပင်မရှိ အိပ်နေချင်ခဲ့တယ်။

၇.၁၀.၂၀၁၁
ရွှေနဒီရေးသည်။

(ဘီဒီ – before death)

In: ကဗျာ Posted By: Date: Oct 7, 2011
Comment #1

ထိခရုန်းပင်တွေရဲ့ ပျော့ညံ့မှုနဲ့ ချီတက်စ
စစ်သည်တစ်ယောက်ရဲ့အင်အားကို
မိုးလေဝသပညာရှင်တွေ မတိုင်းနိုင်လောက်ဘူး။

ဝိုင်တစ်ခွက်ရဲ့ ချိုရီရီခံစားမှုကို မလိုလားဘူး
စစ်မက်ကိုလည်း မလိုလားဘူး
ချစ်သူရဲ့ရင်ခွင်ထဲမှာပဲ အပူပင်မရှိ အိပ်နေချင်ခဲ့တယ်။
စာသားတွေ ကောင်း တယ်ဗျာ

Comment #2

ate nay hmar lar?
pyin sa yar g..
hlauk twar hma pyaw phoe kaung hmar pop.

commentinfo By: ei lay at Nov 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment