Professional Authors

ထိုးချက်ကောင်းသော ဒဿန ခေတ်ကောင်း

ကျွန်တော်ထိုးလိုက်တာ ချက်ကောင်းကို
ထိုးလိုက်တာပါ အရှောင်ကောင်းလို့
အထောင်းသက်သာသွားတာပါ….။

ကျွန်တော်ရိုက်လိုက်တာ တကယ့်နေရာတွေပါ
ခုခံကောင်းလို့ ကာကွယ်ကောင်းလို့
အခုလိုနေရတာပါ တော်သေးလို့
အထောင်းလွတ်သွားတာ..။

ကျွန်တော်ကျည်ချက်က နှလုံးတည်တည်ကို
ပစ်လိုက်တာပါ ကျည်ကာတွေ
အသင့်ရှိနေလို့ လွတ်မြောက်သွားတာ
ခေတ်ကောင်း သူရဲကောင်းဖြစ်ခဲ့တာပါ..။

အထောင်းမလွတ်ခင် ကြေငြာကောင်းဖို့
သိသွားလို့ ကျွန်တော်ခွင့်လွတ်ခဲ့တာ
ခေတ်ကောင်းသွားတယ် အခုထိပေါ့..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment