Professional Authors

နွေဦးရိပ်

နွေဦးရောက်တိုင်း
ကျတော့်ရဲ့ အချစ်ရူး
တစခန်းထတယ်
ခုတော့သစ်ရွက်တွေစိမ်းနေတုန်း
မိုးက တပြိုက်နှစ်ပြိုက် ရွာနေတုန်း
နွေရဲ့ သရုပ်မပေါ်သေးဘူး
မိုးနှောင်းရှည်တဲ့ ရက်တွေမှာဘဲ
အလွမ်းဇာတ်တွေနဲ့အတူ ပျိုးခင်းတခုအလယ်မှာ
အချစ်သစ်ပင်တပင် ငါစိုက်ခဲ့တယ်
နွေဦးမှာ အရိပ်ရလေမလား
စိတ်ကထွေပြားလျှက်
ဘယ်ဘက်ရင်အုံကို လက်အစုံမိုးလို့
အရိပ်တခုကို ငါဆုတောင်းမိလေရဲ့……..။

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

အရိပ် ရမှာ ပါ ….
အရိပ် ကောင်းကောင်းရမယ် အပင်ဆိုရင်တော့ အချိန် ယူရမယ် ထင်တယ်

Comment #2

ဟုတ်ပါ့ဗျာ
အပင်ကြီးရင်ပိုအချိန်ယူရတယ်
ကိုလုလင်ငယ်သွေးက တကယ် ခံစားတတ်ပါပေတယ်
ကျတော်လေးစားသွားပြီ
ကျတော် ကဗျာရဲ့ တကယ့် ပရိတ်သတ်တယောက်ပါဘဲ
ကျေးဇူးအထူးတင်ပါတယ်ဗျာ…….။

Comment #3

အလွမ်းဇာတ်တွေနဲ့အတူ ပျိုးခင်းတခုအလယ်မှာ
အချစ်သစ်ပင်တပင် ငါစိုက်ခဲ့တယ်

commentinfo By: May Kha at Oct 5, 2011
Comment #4

good

commentinfo By: ei lay at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment