Professional Authors

ရင်ခွင်သစ်…

 

ငါ့ရင်ခွင်မှာ မပျော်နိုင်တဲ့မင်း..

တခြားရင်ခွင်မှာ ပျော်ရွှင်နေတယ်လို့ သိရလို့ …

ဖြစ်နိုင်မယ်ဆိုရင် ငါ့နှလုံးသားကို  ခေါင်းအုံးအိပ်ဖို့ …

ပေးလိုက်ချင်ပါသေးရဲ့…

 

ခက်တာက ၀မ်းမနည်းတတ်တော့တဲ့…

ငါ့နှလုံးသားက ငိုဖို့ မျက်ရည်တစက်တောင် မကျန်လို့ …

ရင်မှာလဲ ဟာတာတာ မရှိ.. တုန်ခါမှုမရှိတဲ့ ဟောဒီ ငါ့ရင်ဘတ်မှာ..

မင်းအငွေ့ အသက်တွေ ပျောက်ဆုံးနေတာ ကြာခဲ့လေပြီရဲ့..

 

ဘာပဲဖြစ်ဖြစ် တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရခဲ့တဲ့..

ဟောဒီ တောအုပ်ထဲမှာ….

ငါဘာလို့ ဆက်ရှင်သန်နေအုံးမှာလဲ..

လူတွေရဲ့ မျက်ဝန်းကိုက…

                     ….ညှိစော်နံလေရဲ့…

 

ကောင်းကင်သစ် ရင်ခွင်သစ်မှာ ပျော်ပိုက်နေတဲ့…

မင်းနှလုံးသား အမြဲတမ်း စိမ်းလန်းနေတာ မြင်ရဖို့ အရေး…

မင်းဘ၀ကို… ဘောလုံးကွင်းလိုပဲ ဖြစ်ပါစေတော့လို့  …

အမြဲဆုတောင်းခြွေလျှက်…

 

ခင်မင်မှု ၁ နှစ်၊ သိကျွမ်းမှု ၁ နှစ် …

ပြတ်စဲမှု ၁ နှစ်၊ သူစိမ်းဆန်မှု ဒီနှစ်မှာ…

မင်းနဲ့ငါရဲ့ အဖြစ်အပျက်ဟာ..

တစ်ဘ၀စာ…

ခပ်ကြာကြာ ကြည့်ခွင့်ရခဲ့လိုက်ရုံလေးတင်ပါပဲ..

ဒီ အပြင်ဘာမှ မပိုခဲ့ပါဘူး…

 

နှုတ်ဆက်လိုက်၊ လက်ပြလိုက်၊ ရီပြလိုက်၊ ပြုံးပြလိုက် ၁ နှစ်..

အနေဝေးသွားလိုက်၊ အပြုံးကျဲသွားလိုက်၊ မသိသလို ဖြတ်သွားလိုက် ဒီနှစ်မှာ…

အစတည်းက မင်းဘက်က လက်ပြခဲ့တာ …

ကာရန်မညီတဲ့ ရင်ခုန်သံ အတွက်ပဲပေါ့…

 

ဖြစ်ချင်တော့ ..

ငါ့ရူးသွပ်မှုနဲ့ ငါစိမ်းလန်းခဲ့တာ..

အိမ်မက်တွေ ဖိတ်တစ်ဝက် စင်တစ်ဝက်နဲ့…

၁နှစ်တင်းတင်းပြည့်ခဲ့တာ…

ဆောင်းဦးရက်တွေအထိတောင် မက်ခွင့်မရလိုက်ပါဘူး..

 

ဆောင်းရာသီတောင် မရောက်သေး…

နွေရာသီကပဲ ကျော်ပြီးရောက်လာတာကိုက ငါ့အတွက်စောလွန်းလေရဲ့…

အဲသည်လိုမှန်း သိခဲ့ရင် (အစတည်းကိုက)…

အသက်ရှုတတ်အောင် မသင်ခဲ့ပါဘူး…

 

ငါတို့ တွေ သိကျွမ်းခွင့်ရခဲ့တဲ့..

ဟောဒီ မတော်တဆ ဘ၀ရဲ့လမ်းခရီး တ၀က်မှာ..

နောက်ဆုံးတော့လည်း.. ဘာမှမဟုတ်ခဲ့ပါဘူး..

 

အဲဒီ “ဘာမှမဟုတ်ဘူး” ကိုပဲ..

ငါ့ရဲ့ မလိမ်မိုး မလိမ်မာ အိမ်မက်တွေက…

မင်းအပြုံးတစ်ပွင့်ကိုပဲ ထည့်ထည့်မက်နေခဲ့မိလေရဲ့…

 

ခုတော့…

ငါဆုပ်ကိုင်စရာ လက်ဖ၀ါးတစ်ခုနဲ့..

ငါမော့ကြည့်စရာ လူသားဆန်တဲ့ မျက်နှာလေးတစ်ခုက..

ဟောဒီ ကောင်းကင်ကြီးထဲက လွင့်ပျောက်သွားလေရဲ့..

 

ကောင်းကင်ရဲ့တစ်ကွေ့ တစ်နေရာမှာတော့…

မထင်မှတ်ဘဲ ရောင်စုံပူဖောင်းများ ဖဲကြိုးစများလည်း…

လွင့်ပျံ နေလေရဲ့…

အဲ့ဒါ ကောင်းကင်သစ် (ရင်ခွင်သစ်) လို့ခေါ်တဲ့ …

မင်းနဲ့ မင်းကောင်းကင်က မိဖုရားလေးနဲ့ပေါ့…။         

                                                 (m2t1sept)

အထီးကျန်

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

ငါတို့ တွေ သိကျွမ်းခွင့်ရခဲ့တဲ့..

ဟောဒီ မတော်တဆ ဘ၀ရဲ့လမ်းခရီး တ၀က်မှာ..

နောက်ဆုံးတော့လည်း.. ဘာမှမဟုတ်ခဲ့ပါဘူး.

commentinfo By: May Kha at Oct 5, 2011
Comment #2

Like

commentinfo By: Ch at Jun 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment