Professional Authors

ရင်ခွင်မဲ့သား

ကျွဲနှစ်ကောင်ခတ် မြေစာမြက်သို့

ခြေရာဖျက်သွား ချန်ရစ်ထားသော

ရင်ခွင်မဲ့သား ငရဲသားလေး

လောကဓံဘေး ဆို့နစ်တွေးကာ

ကိုယ်ချင်းစာလျှင် သနားချင်မိ

မိဘသွေးသား ပုံဆောင်ထားလည်း
 
လောကရင်ခွင် အနိဋ္ဌာမြင်

ကျောင်းဆိုမသိ အိမ်ယာမရှိ

စားမှုမဖူ ဘေးမဲ့လူလို

စွန့်ပစ်ဖော်ထား မျက်ရည်များနှင့်

မိဘစိတ်ထား မဲ့သူများတို့ ………

စီးပွားကြောင်းပြ ငွေတစ်ခုရ

နေမှုလှလှ စားမှု၀၀

ရှာဖွေနိုင်ရေး စွန့်စားပေးဆပ်

အဝေးရပ်တွင် လုပ်ကိုင်စုဆောင်း
 
ဘ၀ကျောင်းသော် ရွှေမြန်မာများ

သိက္ခာထားပါ အိုးအိမ်မြို့ရွာ

တိုင်းပြည်တစ်ပါး သားမယားနှင့်

မိဘမကျန် မမေ့ကြရန်

ကြားဝင်တောင်းပန် အသနားခံ

တိုက်တွန်းပြန်သော် မဆိုင်ငါ့အား

အဘိဇ္စ္စ္ဈာများ မုန်းထားလိုလည်း

ရေးရကျိုးနပ် ငါပေးဆပ်မည်

သင့်သဘောကို မတားလိုပါ ………

ဒီမှာကြင်သူ ဘ၀ဟူကား

တိမ်မယောင်နက် လွယ်မယောင်ခက်

အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်

အချစ်အတွက် ခေါင်းစဉ်တပ်ကာ

မလုပ်ရဲတဲ့ အရာမရှိ

စာနာနတ္ထိ ဘာသတ္တိကြောင့်

နီးစပ်မှုစ ချစ်ခြင်းကပင်

Living Together နှစ်ပါးသွားနှင့်

အသွင်မတူ အိမ်သူပြုဖို့

လူမျိုးဘာသာ ကွဲလွဲပါသော

“ယ”၊“စ”၊“ဗ”၊“အ” နှင့်

လွတ်လပ်ပျော်မြူး အရထူးကာ

ဒီပုတ်ထဲမှာ ဒီပဲသာပဲ

ငါတစ်ယောက်တည်း စောင့်စည်းနေလည်း

အပိုလို့ပဲ တွေးထင်ကဲ၍

စေတနာကျော် သဒ္ဓါချော်ပြီး

ကြင်နာယိုဖိတ် ထိန်းမဲ့စိတ်နှင့်

ကာယကံမြောက် ကျူးလွန်မှောက်သော်

စုတ်ရောလာဘ်ဝင် အတွေးမြင်သင့်

ဘ၀သစ်နှင့် သစ္စာမပါ

မေတ္တာသာကဲ တဏှာထဲ၌

နှစ်ဦးသဘော တူယှဉ်မျောရာ

Social ပြဿနာ ရှုပ်ထွေးလာသော်

ပြစ်မဲ့ရင်သွေး မြေစာလေးအား

မိဘနှစ်ပါး စွန့်ပစ်ထားခဲ့

သူ့ခမျာများ လောကဓံအား

ခိုကိုးရာမဲ့ ရှုံးနိမ့်လျှက်နှင့်

ဝန်းကျင်လည်းဆုံး ဘ၀တုံးကာ

လူလုံးမလှ ၀ိုင်းပယ်ခံရ

အိမ်ရာမဲ့ကင်း ချွေးသိပ်နှင်း၍

ဝမ်းနည်းတွေးပူ ဖေးကူသူကင်း

နိမ့်ကျခြင်းဖြင့် စိတ်ညှိုးနွမ်းလျ

သောကရလျှက် လမ်းမထက်မှာ

ကျင်လည်ကာပင် ဘ၀ထိန်းကျောင်း

ကောက်ရှာတောင်း၍ ကယ်သူမဲ့သော

ရင်ခွင်မဲ့သား ရေနည်းငါးလေး

ဘ၀ပေးကံ ဆိုးပြန်သောကြောင့်

မုန်းတီးစိတ်နာ စူးနစ်ကာပင်

မိဘမဲ့စခန်း မြန်းကြွလှမ်းဖို့

ထိန်းသိမ်းခံရ ဤဘ၀ကား

မေတ္တာငတ်သူ လှံစိုက်တူသို့

မျက်ရည်ဖြူဥ ပုလဲစု၍

တလိမ့်လိမ့်သွန်း ပါးပြင်စွန်းသည်

နေနိုင်လျှက်အား ပစ်ခွါသွားသော

စာနာစိတ်ကင်း ယုတ်နိမ့်ခြင်းနှင့်

ဘ၀ဖျင်းသုံ လုပ်ရက်ကုန်သည့်

အိုဘယ့်မျိုးဖျက် မိဘပျက်တို့ ………

သားလေး “မြတ်နိုးသူရ” နှင့် “မိဘမဲ့ကလေးများအားလုံး” အတွက်အမှတ်တရ

 

In: ကဗျာ Posted By: Date: Mar 17, 2011
Comment #1

အိုဘယ့်မျိုးဖျက် မိဘပျက်တို့ ………
မင်းသမီးရေးတဲ့ ကဗျာကို ဖတ်မိကြပါစေ ။

Comment #2

ကောင်းလိုက်တဲ့ ကဗျာပဲ

အားပေးသွားပါတယ် မိဿမင်းသမီးေ၇
ကဗျာ အ၇မ်းကောင်း၏

commentinfo By: dan at Mar 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment