Professional Authors

** ဒီမှာသူငယ်ချင်း **

ဒီမှာသူငယ်ချင်း

ငါကတော့အမြင်မတူတာတွေကို

တူအောင်ငြိလို့မရမှန်းသိတဲ့အခါ

တူတာတွေကိုပဲလိုက်ကြည့်မိတယ်…

ဒီမှာသူငယ်ချင်း

အားလုံးကိုသည်းခံတိုင်းမကောင်းဘူးဆိုတဲ့အသိ

ငါ့ဦးနှောက်မှာအမြစ်တွယ်နေတော့

လူငယ်စိတ်နဲ့မေးမိတယ်

မင်းဘာကောင်လဲ…..

ဒီမှာသူငယ်ချင်း

ဆရာအထာတော့လာမလုပ်နဲ့

ဝေးဝေးနေပါ” ၀”မရှိတဲ့ “၀ိ”တွေအတွက်

ငါအော့အန်ချင်ရဲ့

ဒီမှာသူငယ်ချင်း

အနေအထားမတူတဲ့ ရှင်သန်မူ့တွေအတွက်

အထာတစ်ခုတော့ထားသင့်တယ်…

ဒီမှာသူငယ်ချင်း

ခုတလောမြင်နေရတဲ့အရာတချို့အတွက်

ငါ့မျက်စိတွေဆံပင်မွှေးစူးစူးနေတယ်…

ဘာပဲဖြစ်ဖြစ်ငါကတော့နောင်တမရတတ်တဲ့

လူငယ်တစ်ယောက်လို ဟာသနဲ့နေမယ်….

ဒီမှာသူငယ်ချင်း

မတူညီတဲ့အသက်အရွှယ်တချို့အတွက်

ငါ့ဦးနှောက်ကိုပေတံနဲ့လာလာမတိုင်းနဲ့

ဒီမှာသူငယ်ချင်း

ငါကတော့…ဖြစ်ချင်တဲ့အနေအထားတစ်ခု ဖြစ်မလာသေးရင်

ဖြစ်နေတဲ့အနေအထားမှာပျော်အောင်နေကြည့်တယ်…

ဒီမှာသူငယ်ချင်း

ငါကတော့လူငယ်တစ်ယောက်ကိုလမ်းပြဖို့အတွက်

ဆရာကောင်လိုမနေဘူး

ဘော်ဒါတစ်ကောင်လိုပဲနေတယ်…

ဒီမှာသူငယ်ချင်း

ငါကတော့ မီးဟုန်းဟုန်းတောက်နေတဲ့

လူငယ်တစ်ယောက်ရဲ့စိတ်ဓါတ်ကိုရေနဲ့ညိမ်းပြီး

လမ်းမပြဘူးးးးးးးးးးးး

သူတို့နဲ့အတူမီးဟုန်းဟုန်းလိုက်တောက်တယ်…

ဒီမှာသူငယ်ချင်း

ဒီကဗျာကို ဒီလူရေးတယ်

ဒီလူ ဘာကောင်လဲမမေးနဲ့……

ဒီလူ(တောင်တွင်းကြီး)

In: ကဗျာ Posted By: Date: Oct 4, 2011
Comment #1

ဒီကဗျာဆရာကတစ်မျိုးဗျနော် 🙂
ကဗျာကမိုက်တယ်ဗျ
ကြိုက်တယ်ခင်ဗျ

commentinfo By: sharon myorr myor at Oct 4, 2011
Comment #2

မိုက်တယ်ဗျာ…..အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Oct 5, 2011
Comment #3

ငါကတော့ မီးဟုန်းဟုန်းတောက်နေတဲ့

လူငယ်တစ်ယောက်ရဲ့စိတ်ဓါတ်ကိုရေနဲ့ညိမ်းပြီး

လမ်းမပြဘူးးးးးးးးးးးး

သူတို့နဲ့အတူမီးဟုန်းဟုန်းလိုက်တောက်တယ်

ဟုတ်ကယ်အဲ့ဒါမှ လူငယ် ကဗျာ လူငယ် စာ ပဲမာန်တွေပြည့်နေတဲ့ကဗျာ
ကြိုက်တယ်ဗျာ အလန်းကြီးပဲ

Leave Comments

Name*

Email*
Website
Email me whenever there is new comment