Professional Authors

မာယာမြူလှိုင်း အချစ်ရိုင်း

 

မာယာမြူတိမ်တွေဟာ ငါ့ရဲ့ ကောင်းကင်ကို

မိုးသားမည်းညိုတွေနဲ့အတူ အနိုင်ယူလွှမ်းမိုးရင်း

ငါ တည်ဆောက်ခဲ့တဲ့ ငါ့ကောင်းကင်ဟာ

လေထုညစ်နွမ်းမှုတွေနဲ့ သိုင်းခြုံနေခဲ့တာ

ငါ့ရဲ့ ပစ္စုပ္ပန်လေကြောင်း လမ်းကြောင်းပြောင်းလို့

မျက်မမြင်လူတယောက်လို မျက်ကန်းပင်လယ်အဆုံကို

တိုက်ခတ်မိသလို ငါ့ မေတ္တာလေလှိုင်းကြားမှာ

မုန်တိုင်းဒဏ်ကို ငြိမ်သက်စေဖို့အတွက်

အချစ်စက်ကလေးကို ငါ..ကိုင်တွယ်ရင်းနဲ့

လမ်းကြောင်းလွဲခဲ့တဲ့ ငါ့…လေကြောင်းလိုင်းက

မင်းရဲ့ ရှေ့တော်မှောက် ရောက်ခဲ့တာ

အတိုင်းတာမရှိတဲ့ မေတ္တာနဲ့ ဘဝင်ဟက်မိခဲ့လို့ပေါ့..။

 

ငါ..သွားချင်တာကို မောင်းနှင်ပျံသန်းလို့

တိမ်တိုက်တွေတောင် မြူစက်မီးခိုးတွေနဲ့သိုင်းခြုံကာ

ငါ့..လမ်းကြောင်တွေ လွဲမောင်းမိတဲ့

ငါ့..ဖြစ်ရပ်ဆန်းကို သမိုင်းဝင်စင်တင်ရင်း

ဇာတ်ဝင်ခန်းထဲ ငါ အိပ်မောခဲ့တာ

အိပ်မက်တွေတောင် မြူတွေစိုင်းလို့

မြူရိုင်းတွေကိုတောင် ငါ နမ်းရှိုက်မိခဲ့တာ

ငါ့…အိပ်မက်ထဲက မြူမှုန်ကင်းစင်တဲ့

ချစ်သူရဲ့ ပုံရိပ်တွေကြောင့် အချစ်ရိုင်းတွေဖြစ်လာလို့ပေါ့..။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 3, 2011
Comment #1

ငါ့..လမ်းကြောင်တွေ လွဲမောင်းမိတဲ့

ငါ့..ဖြစ်ရပ်ဆန်းကို သမိုင်းဝင်စင်တင်ရင်း

ဇာတ်ဝင်ခန်းထဲ ငါ အိပ်မောခဲ့တာ

အိပ်မက်တွေတောင် မြူတွေစိုင်းလို့

မြူရိုင်းတွေကိုတောင် ငါ နမ်းရှိုက်မိခဲ့တာ

ငါ့…အိပ်မက်ထဲက မြူမှုန်ကင်းစင်တဲ့

ချစ်သူရဲ့ ပုံရိပ်တွေကြောင့် အချစ်ရိုင်းတွေဖြစ်လာလို့ပေါ့..။

လုလင် အားပေးသွားပါတယ်

Comment #2

အားပေးသွားပါတယ်နော်…………

commentinfo By: May Kha at Oct 4, 2011
Comment #3

ငါ့ရဲ့ ပစ္စုပ္ပန်လေကြောင်း လမ်းကြောင်းပြောင်းလို့

commentinfo By: Daw Shwe A at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment