Professional Authors

မျက်ကန်းတစ်ယောက်ရဲ့ သူရူးအိပ်မက်

” မျက်ကန်းတစ်ယောက်ရဲ့ သူရူးအိပ်မက် “

အဖြူနဲ့ အမည်းက
ဖရိုဖရဲ ဆန်လွန်းလှချည့်
မိုးပေါ်တက် မက်ခွင့် မရပေမဲ့
မြေကြီးမှာလဲ
ကောင်းကင် နက္ခတ် ဖူးတယ်
အနာဂတ်ကို တပိုင်းစာမူးတော့
သူရူးအိပ်မက်တွေ အန်ချ
အရောင် ကန်းကန်းညရေ
သက်တန့် ခြေလှမ်းတွေ
မြေစမ်း ခရမ်းပျိုးနေလေရဲ့ …

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Oct 3, 2011
Comment #1

အဲလိုအိပ်မက်..
တော်တော်မူးတယ်
မျောလည်းမက်ဖူးတယ်ဗျ..ကဗျာကသိပ်မြင့် တယ်ဗျာ..

commentinfo By: sharon myorr myor at Oct 3, 2011
Comment #2

အရောင် ကန်းကန်းညရေ
သက်တန့် ခြေလှမ်းတွေ
မြေစမ်း ခရမ်းပျိုးနေလေရဲ့ …

ပေါ့ပေါ့ပါးပါး
ရေးကောင်းအောင်လျှောက်ရေးသွားတာမဟုတ်ပါဘူး…
ထဲထဲဝင်ဝင် ငါးခေါက်လောက်ပြန်ဖြစ်တယ်.
ခံစားချက်ခြင်းတိုက်ဆိုင်နေတယ်… ကိုချီရွန်ရေ…….။

commentinfo By: terry at Oct 3, 2011
Comment #3

အရောင် ကန်းကန်းညရေ
သက်တန့် ခြေလှမ်းတွေ
မြေစမ်း ခရမ်းပျိုးနေလေရဲ့ …
ကြိုက်တယ်ကိုကြီးရေ ကိုကြီးကဗျာတွေကဗျာ ကောင်းပဲကောင်းနိုင်လွန်းတယ်။

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 4, 2011
Comment #4

ကောင်းတယ်ဗျာ ကဗျာ က .. အားပေးသွားပါတယ်

Comment #5

ကဗျာလေးကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment