Professional Authors

*** မှားပြီးရေးတဲ့ကဗျာအက်ဆေး ***

အိပ်ယာကနိုးတိုင်း အိပ်မက်တွေကိုငါမကျေနပ်ဘူး

သူထင်ရာလုပ်နေတာလောကတင်မဟုတ်ဘူးအများကြီးပဲ

ဖြန့်ကျက်ပြီးခင်းထားတဲ့နေပူပူနေ့လည်ခင်းက

အသားပေးထားတဲ့အရာတွေကိုအရင်လုပ်ပါတဲ့

မှားယွင်းမှုတွေကြား မျက်နှာတွေပျက်ယွင်းပြီး

ဆက်ဆံနေရတဲ့ ခင်မင်မှုတွေကိုလဲ

ငါ တစ်နေ့တော့ဆက်ဆက်မေ့ဖျက်ပစ်အုန်းမှာပါ…

လှမ်းမျှော်မကြည့်နဲ့

မကျော်နိုင်တဲ့အခက်အခဲဆိုတာအနာဂတ်မှာပဲရှိတယ်

မြင်အောင်ကြည့်လေ

သူလဲသူ့နေထိုင်မှုနဲ့ငါလဲငါ့သမိုင်းနဲ့ငါ

ဟူးးးး

ထပ်မှားပြန်တာလား ဒီလိုမှန်းသိရင်

အစကတည်းကမှန်ဖို့မရည်ရွှယ်ခဲ့ပါဘူး

သူတွေးထားတာ ငါ့စဉ်းစားမှုမှမဟုတ်တာ

မှားပြီးရေးတဲ့အက်ဆေးမှာ

မဖြစ်ဖြစ်အောင်လုပ်ကြံထားတဲ့ထူးဆန်းမှုတွေဗလပွနဲ့

ငါက လူငယ်ဆန်ဆန်မရင့်ကျက်တာ

သင်ကလူကြီးလူကောင်းဆန်ဆန်ယုတ်ညံ့တာ

ငါကမြူမှုံလေ လွင့်ချင်ရာလွင့်မှာပေါ့

ဟာာာာာာာာ

မနာလိုတရားက ငါ့နားထင်ကိုတထိတ်ထိတ်လာလာထိုးနေတာခုမှရိပ်မိတယ်

မျက်စိမှိတ်ထားပေမဲ့ ခံစားတတ်တဲ့အရေပြားတွေကိုဘယ်မှာသွားထားမလဲ

ရိုင်းပြတဲ့စကားလုံးတွေခေတ်ကုန်သွားတာကြာပြီလေ…

ပြောပိုင်ခွင့်ရှိလို့ပြောမယ်ဆိုရင်တောင်ကိုယ့်လိပ်ပြာကိုလုံဖို့တော့လိုတယ်..

ငါ့ကဗျာကိုသေချာပြန်ဖတ် စာကြောင်းတိုင်းသမာဓိရှိတယ် ။ ။

သူငယ်ချင်းအားလုံးကိုလေးစားချစ်ခင်လျှက်

ဒီလူ(တောင်တွင်းကြီး)

In: ကဗျာ Posted By: Date: Oct 3, 2011
Comment #1

ထပ်မှားပြန်တာလား ဒီလိုမှန်းသိရင်

အစကတည်းကမှန်ဖို့မရည်ရွှယ်ခဲ့ပါဘူး

သူတွေးထားတာ ငါ့စဉ်းစားမှုမှမဟုတ်တာ

မှားပြီးရေးတဲ့အက်ဆေးမှာ

မဖြစ်ဖြစ်အောင်လုပ်ကြံထားတဲ့ထူးဆန်းမှုတွေဗလပွနဲ့

ငါက လူငယ်ဆန်ဆန်မရင့်ကျက်တာ

သင်ကလူကြီးလူကောင်းဆန်ဆန်ယုတ်ညံ့တာ

ငါကမြူမှုံလေ လွင့်ချင်ရာလွင့်မှာပေါ့

commentinfo By: mgchannaye at Oct 4, 2011
Comment #2

ငါက လူငယ်ဆန်ဆန်မရင့်ကျက်တာ

သင်ကလူကြီးလူကောင်းဆန်ဆန်ယုတ်ညံ့တာ

Comment #3

ကိုဒီလူကြီးကတော့လုပ်ချလိုက်ပြန်ပြီ ကောင်းလိုက်တဲ့ကဗျာ အသစ်လားအဟောင်းထဲကလား သေချာတာကတော့ကျနော့်အတွက်အသစ်ပဲ
လှမ်းမျှော်မကြည့်နဲ့

မကျော်နိုင်တဲ့အခက်အခဲဆိုတာအနာဂတ်မှာပဲရှိတယ်

မြင်အောင်ကြည့်လေ

သူလဲသူ့နေထိုင်မှုနဲ့ငါလဲငါ့သမိုင်းနဲ့ငါ
(အဲ့ဒါကျနော်တို့လူငယ်ဗျ အဲ့ဒါမှလူငယ်ကဗျာ)

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 4, 2011
Comment #4

ကဗျာလေး..ကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Oct 5, 2011
Comment #5

သမာဓိ နှင့် ကဗျာ 😛

commentinfo By: sharon myorr myor at May 13, 2012
Comment #6

mike de,
hote ei,,hman ei,,
kou late pyar kou lone phoe dot lo de,
kou ye ko saunt nat ko nyar loh ma ya bu,
kou pyu de kan kou htan pyan hmar pe.

commentinfo By: ei lay at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment