Professional Authors

သောကခြေရာ (၈) – မောင်စိန်ဝင်း (ပုတီးကုန်း)

မြေကြီးထဲမှာ၊ မဟူရာဖြစ်၊
နှစ်ပေါင်းရာထောင်၊ ကြာအောင်သိမ်းဆည်း၊
မြေ့အသည်းလေ၊ မြေပေါ်ကိုရောက်၊
ကျောက်မျက်ပဏ္ဏာ၊ ရတနာ။

ပင်လယ်ထဲမှာ၊ ပုလဲဖြူရွ၊
ကာလရှည်စွာ၊ ကြာအောင်သိမ်းဆည်း၊
ရေ့အသည်းလေ၊ ရေပေါ်ကိုရောက်၊
ကျောက်မျက်ပဏ္ဏာ၊ ရတနာ။

ဒါပေမယ့်ခင်
ရင်ထဲမှာဖြစ်၊ မေတ္တာစစ်
နှစ်ပေါင်းကြာမြင့်
ပွင့်ခွင့်မကြုံ၊ ဖူးအငုံ
အမြုံသက်သက် ဝေဒနာ … ။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Comment #1

လှလိုက်တဲ့ ကဗျာလေး…

commentinfo By: မှုံရွှေရည် at Jun 29, 2010
Comment #2

အရမ်းကောင်းပါတယ်ဗျာ

commentinfo By: ပိုင်သူ at Mar 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment