Professional Authors

တရှိုက်မက်မက်

 

ချစ်သူ…

ပျော်ပါစေနော်

ခရီးဝေးကငါ မိုးသားပင်လယ်ထဲ

မင်းအတွက်ဆုတောင်းကဗျာတွေ

ရွတ်ဆိုလိုက်ရဲ့…..

ရောင်နီသန်းတဲ့နေ၀င်ချိန်အောက်မှာ

မင်းပုံရိပ်တပွေ့ တပိုက်နဲ့ 

မင်းရှိမယ့်အရပ်ဆီမျှော်ငေးရင်း

ငါ့အသက်ရှုသံအချို့  တိတ်ဆိတ်နေရဲ့ …

အိပ်တန်းပြန်ငှက်တွေရဲ့ခရီးစဉ်မှာ

ငါ့အလွမ်းတွေ ပိုရင့်လာသလိုပဲ

မင်းယုံကြည်တဲံ့ငါ့အချစ်တွေကို

အပြစ်ကင်းစင်စွာနဲ့ ဒီအတိုင်းပဲ

ငါထားထားပါတယ်………..

( အချိန်မရွေးထုတ်ကြည့်ပါ)

ပိုလွန်းတယ်လို့ မထင်ပါနဲ့ ချစ်သူ

မင်းနဲ့ မတွေ့ ဖြစ်တဲ့နေ့ တိုင်း

ငါ့အလွမ်းကငါ့ပြန်ဓါးနဲ့ ထိုးတယ်

နာကျင်စွာထွက်ပေါ်လာတဲ့အသံက

မင်းနာမည်ကလွဲလို့  ဘာရှိဦးမှာလဲ

လွမ်းတယ်ဆိုတဲ့စကားနဲ့ ပဲ

ဒီနေ့ ကိုတစ်ဇာတ်သိမ်းခဲ့ရပြန်တယ်…

                     ရွှေကြယ်မိုး

In: ကဗျာ Posted By: Date: Oct 3, 2011
Comment #1

ကောင်းလိုက်တာဗျ…မှန်တာပေါ့တစ်နေ့တစ်နေ့ အဲဒီအလွမ်းဆိုတဲ့…ကောင်
ဒုက္ခတော်2ပေးတယ်။ဓါးနဲ့ပြန်ထိုးတယ်ဆိုပါတော့ဗျာ………
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 3, 2011
Comment #2

လုလင် အားပေးသွားပါတယ်
လွမ်းတယ်ဆိုတာနဲ့  တနေ့ တနေ့ ကျော်ဖြတ် နေရတဲ့ လူတွေ အများသားဗျ

Comment #3

ပိုလွန်းတယ်လို့ မထင်ပါနဲ့ ချစ်သူ

မင်းနဲ့ မတွေ့ ဖြစ်တဲ့နေ့ တိုင်း

ငါ့အလွမ်းကငါ့ပြန်ဓါးနဲ့ ထိုးတယ်

နာကျင်စွာထွက်ပေါ်လာတဲ့အသံက

မင်းနာမည်ကလွဲလို့  ဘာရှိဦးမှာလဲ

လွမ်းတယ်ဆိုတဲ့စကားနဲ့ ပဲ

ဒီနေ့ ကိုတစ်ဇာတ်သိမ်းခဲ့ရပြန်တယ်…
..
နှစ်သက်အားပေးသွားပါတယ်..

commentinfo By: အသဲကွဲမိုး at Oct 5, 2011
Comment #4

so nice.
so perfect.

commentinfo By: ei lay at Nov 4, 2011
Comment #5

လွမ်းရတာ နာကြင်တယ်ဗျာ…..
သတိရတာပဲ ကောင်းမယ်ထင်တယ်နော်……း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment