သီတင်းကျွတ်မှလွမ်း
ခါတော်မှီလို့ သီတင်းကျွတ်ရောက်ရင်
မျှော်တော်ယောင် ချစ်သတင်းတွေနဲ့
စောင့်မျှော်ရင်း ငါ့..ရင်တွေ မိုးချုန်းသလို
ခုန်ပေါက်လို့ တုန်လှုပ်နေပြီလေ..။
ပျော်ရွှင်ခြင်းတွေ ရင်မှာသိမ်းပိုက်ရင်း
မင်းပြောခဲ့တဲ့ ဒီသီတင်းကျွတ်
မနေ့က ငါ… ကျော်ဖြတ်လို့
ရောက်ရှိခဲ့တာ မင်းအဖြေကို သိချင်လို့ပါ..။
ဝါတော်ကျွတ်ပြီးမို့ ခါတော်မလင့်ပါဘူး
မှာတော်ပါး ဟိုအတိတ်ဆီက
မင်းသစ္စာတရားကိုမှ စောင့်မျှော်ရင်း
လွန်မြောက်လေမလား မသိလေသူ မောင်အမှား..။
အချစ်ခွန်းခြွေခဲ့တဲ့ နွေပိတောက်သင်္ကြန်မှာ
လွန်မြောက်လာတဲ့ ငါ့ မျှော်လင့်ခြင်းတွေနဲ့
ဝါတော်ကျွတ်လို့ ခါတော်မှီချစ်ခြင်းတွေက
ချစ်သူရယ်…အလွမ်းသင့်ပြီလေ…။
အခုတော့ ငါ..ဟာ မင်းအတွက်တော့
ချစ်အဆိပ်သင့်သလို ဒဏ်ရာတွေနဲ့
အဝေးတစ်မြေဆီကို ရှောင်ခွာလို့
အပြစ်သင့်တဲ့ အလွမ်းတွေဖြစ်ခဲ့ပြီ…ချစ်သူ..။
တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa.blogspot.com
Comment #2
@__@
@__@
By: ei lay at Oct 30, 2012
Comment #3
ခံစား အားပေးသွားပါတယ်…
By: ချမ်းငြိမ်းအောင် at Oct 31, 2012
Comment #4
အားပေးသွားပါတယ်…ကဗျာတွေကူးယူသွားပါတယ်ဗျာ……
By: khun at Oct 31, 2012




Comment #1
ရောက်လာတော့လဲ အစ်ကိုမှလာမတွေ့တာနော်။