Professional Authors

ကျွတ်သီတင်း ချစ်ခြင်းမေတ္တာ

 

 

ဝါတော်ကျွတ်ပြီးမို့ ခါတော်မလင့်ပါဘူး

စာတော်ဆင့်ရမှာဖြင့် ပြစ်တော့မတင်သင့်

ဖြစ်သင့်သည့် ချစ်စစ်မင်္ဂလာကိုတော့

မင်းလက်ဆင့်ခံကာ ပျော်ရွှင်လို့နွဲ…။

 

တစ်ရာသီကုန်တော့မဲ့ မိုးရာသီ..ဆောင်းအကြို

ဒီ…သီတင်းမှာဖြင့် စောင့်မျှော်ကာ

အဖြေရှာခဲ့သူ ငါ့နှလုံးသား ရင်ခွင်ကြားမှာတော့

ပူလောင်မှုချစ်ခွင့်ကို စောင့်မျှော်လို့လေ..။

 

ချစ်တော်ကဲပါလို့ ပြစ်တော့မယူပါနဲ့

သီတလ မောင်ရင်ခွင်မှာတော့ ကျွတ်သီတင်းကို

စောင့်မျှော်လင့်ပါလို့ ချစ်ခွင့်ပန်သမည့်

မောင့်အဖြေ မင်းဆီမှာလေ..။

 

အဖြေရှာမရှာမှီ တစ်ပြည်ဆီကို

မောင်ရောက်ခဲ့ပေမဲ့ ချစ်သူဆီက

အဖြေကြားချင်သူ မောင်မှာတော့

ဒီ..သီတင်းကျွတ်ကို ရောက်ခဲ့ပြီလေ..။

 

ခွန်းထောက်သံ စုံညီလှသမို့

ငြင်းဆန်ရန်လည်း ခက်လှတယ်

နှစ်လကယ် သတ်မှတ်ချက်တွေနဲ့

စောင့်မျှော်လို့ရောက်ခဲ့ပြီ ဒီ..သီတင်း..။

 

အလွမ်းတော့ မထုံလိုက်ပါနဲ့

ကျွမ်းလို့လောင်မှာကိုတော့ ကြောက်မိတယ်

ချစ်သက်ခြွေ ရင်မှာလောင်းပါလို့

မေတ္တာစက်လေး ပေးစေချင်..။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Sep 29, 2011
Comment #1

အဲ့ဒါဘာကိုပြောထားတာလဲ အစ်ကို

commentinfo By: lamin at Oct 4, 2011
Comment #2

အလွမ်းတော့ မထုံလိုက်ပါနဲ့

ကျွမ်းလို့လောင်မှာကိုတော့ ကြောက်မိတယ်

ချစ်သက်ခြွေ ရင်မှာလောင်းပါလို့

မေတ္တာစက်လေး ပေးစေချင်..။

commentinfo By: May Kha at Oct 4, 2011
Comment #3

🙂
🙂
🙂

commentinfo By: ei lay at Sep 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment