Professional Authors

ပုခတ်လွှဲသောလက်

 

 

လက်ချောင်းလေးများရဲ့ လွဲခတ်မှုဟာ

ရာဇဝင်သမိုင်း ခမ်းနားလွန်းလို့

ကမ္ဘာကျော်တွေကို မွေးဖွားပေးခဲ့

အတိက်တစ်ညရဲ့ အိပ်ယာထက်မှာ

အမေဟာ အိပ်မပျော်လန့်နိုးခဲ့တဲ့

သားတယောက်ကို လွဲခတ်ရင်းနဲ့

မညောင်းသော လက်တွေကို

ပန်ချီရေးသလို ပုံပြင်ပြောရင်း

သားတို့ကို ချော့သိမ့်ခဲ့တာ

ငါတို့တွေ အရွယ်ရောက်ထိပေါ့…။

 

မောပန်းခြင်းမရှိသော ငါ့ညတွေကို

အချိန်ပေးလို့ ချော့သိမ့်ကာ ကျွေးမွေးပေးခဲ့

အိပ်ပျက်ပေါင်းများစွာက ထောင်သောင်းမက

ရက်တွေရေတွက်ခြင်းမရှိ ငါ့ခွန်အားတွေနဲ့

ပေးဆပ်လို့လွှဲခတ်ခဲ့တဲ့ ငါ့လက်တွေဟာ

မေတ္တာတရားတွေအပြည့် ချစ်သဒ္ဓါကဲလို့

စောင့်ရှောက်ပေးခဲ့တာ အမေရဲ့မေတ္တာလက်ပေါ့..။

 

လောကဓံက အမျိုးမျိုးတိုက်ခိုက်လို့

ဒဏ်ရာတွေနဲ့ ငါ့ရင်ခွင်မှာ စုတ်ပျက်သွားပါစေ

မေတ္တာစေကဲ ချစ်သဒ္ဓါတွေနဲ့ မင်းတို့လေးတွေကို

လက်လွှဲပုခတ်ဖြင့် ဖြေသိမ့်ကာ အားပေးတေးဆိုခဲ့တာ

မင်းတို့အနာဂါတ်မှာ လူစွမ်းကောင်းတွေဖြစ်လာခဲ့အထိပေါ့..။

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment