Professional Authors

*#* မင်းနဲ့ငါနဲ့သေးသေးလေးဝေးတယ် *#*

ဝေးးးးးးးးးးးတယ်

ဝေးးတယ် သေးတယ်

မင်းနဲ့ငါနဲ့ဝေးတယ်

ဝေးတယ်သေးတယ်

မင်းနဲ့ငါနဲ့သေးသေးလေးဝေးးတယ်

အယူအဆမတူတဲ့ဝါဒတွေနဲ့တော့

အပူမျှမယူချင်ပါနဲ့

ရှေ့တည့်တည့်ကနေကြည့်မှတော့

လက်ဝါးကိုပဲမြင်မှာပေါ့

ဟေ့အမှန်တရား …

လူတိုင်းပါးစပ်ဖျားကိုမင်းရောက်ခဲ့တယ်မဟုတ်လား

ဟိုလူအကြောင်း ဒီလူအကြောင်း မင်းအကြောင်း သူ့အကြောင်း

ဒီလိုနဲ့

ငါ့အကြောင်းတစ်ရွှက်မှမပါလိုက်ဘူး

ဝေပစ်လိုက်ရမလား ပစ်ဝေလိုက်ရမလား

ငါကတော့မှင်တွေစွန်းနေပြီ…

မှောင်နေတဲ့မှင်တွေကြားမှာမှင်သက်မိမင်းသတ်မိတာငါ့ကိုပါ…

မဟုတ်ဘူး

ငါ့နှလုံးသားကိုပါ

ကောင်မလေးရေ မင်းလက်နဲ့စွဲဆုပ်ချေမွသွားတဲ့မိတ္တူတစ်စောင်ဟာငါပါ

ပုံဖျက်ထားတဲ့ငါ့အတ္တတွေကြားမှာ

ငါ့ကိုသက်သက်သာသာသတ်သေခွင့်နဲ့အသေသတ်သွားတဲ့

စကားတစ်ခွန်းကငါ့နှလုံးသွေးတစ်စက်ဆီပဲဆိုတာမမေ့နဲ့

တစ်စက်တစ်စက်နဲ့ဆက်ဆက် ဆက်ကာကျနေတဲ့အပြုံးတွေ

မမြင်ရင်ကြည့်ပါ အဲဒါငါ့အရှုံးတွေပါ

မမြင်နိုင်ရင်မကြည့်ပါနဲ့တော့မင်းပင်ပန်းလိမ့်မယ်ပင်ပန်းနေတဲ့ပန်းလေးကိုငါအလိုမရှိဘူး

မင်းလိုရင်ငါ့ကိုခေါ်သုံးပါ မင်းလိုရင်ငါ့ကိုပစ်မုန်းပါ

မင်းလိုရင် အရင်လိုတော့ငါ့ကိုချစ်ပေးပါ…

ကောင်မလေးရေ အပြောမှားပြီးအမှားပြောမိတဲ့ငါ့စကားတစ်ခွန်းအတွက်

တီးခဲ့မိတဲ့လက်ခုပ်နှစ်ဖက်အသံမမြည်ပါရစေနဲ့

ဝေးတယ်သေးတယ်

မင်းနဲ့ငါနဲ့သေးသေးလေးဝေးတယ်

ဒီလိုသာဆက်သွားနေရင်

ဝေးတယ်

ဝေးတယ်သေးတယ်

မင်းနဲ့ငါနဲ့သေးသေးလေးဝေးတယ် .. ။  ။

 

ဒီလူ(တောင်တွင်းကြီး)

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

ကောင်မလေးရေ အပြောမှားပြီးအမှားပြောမိတဲ့ငါ့စကားတစ်ခွန်းအတွက်

တီးခဲ့မိတဲ့လက်ခုပ်နှစ်ဖက်အသံမမြည်ပါရစေနဲ့

ဝေးတယ်သေးတယ်

မင်းနဲ့ငါနဲ့သေးသေးလေးဝေးတယ်

ဒီလိုသာဆက်သွားနေရင်

ဝေးတယ်

ဝေးတယ်သေးတယ်

မင်းနဲ့ငါနဲ့သေးသေးလေးဝေးတယ် .. ။ ။

ဝေးတယ်သေးသေးလေးဝေးတယ် ကိုဒီလူနဲ့ကျနော်သေးသေးလေးဝေးတယ်
စတာပါ ကဗျာရှည်သလောက်ကောင်းတယ်အကိုရေ ကြိုက်တယ်ဗျာ
အားပေးနေပါကြောင်းးးးးးးးးးးးးးးးးးးးးးးးး(မြတ်သူ-ခေတ္တလှည်းတန်း)

commentinfo By:့ မြတ်သူ (ခေတ္တ-လှည်းတန်း) at Sep 23, 2011
Comment #2

မင်းလိုရင်ငါ့ကိုခေါ်သုံးပါ မင်းလိုရင်ငါ့ကိုပစ်မုန်းပါ
မင်းလိုရင် အရင်လိုတော့ငါ့ကိုချစ်ပေးပါ…
မင်းနဲ့ငါနဲ့သေးသေးလေးဝေးတယ်

ဒီလိုသာဆက်သွားနေရင်
ဝေးတယ်
ဝေးတယ်သေးတယ်
မင်းနဲ့ငါနဲ့သေးသေးလေးဝေးတယ် .. ။ ။

commentinfo By: ကေသရီ at Sep 23, 2011
Comment #3

ကြိုက်နှစ်သက် အားပေးသွားပါသည်

commentinfo By: အသဲကွဲမိုး at Sep 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment