Professional Authors

ပုထုဇဉ်(ခ) ငါ…ငါ…ငါ…. အတ္တ

၁)ငါမသိခဲ့ပါဘူး
ကလေးငယ်ကို
ဝမ်းလျားမှောက်ဘယ်သူသင်ပေးတယ်ဆိုတာ

၂)ငါမသိခဲ့ပါဘူး
အတန်းပညာတွေ
ဘယ်အတွက်သင်ခဲ့ကျတယ်ဆိုတာ

၃)ငါမသိခဲ့ပါဘူး
ရွှေငွေဥစ္စာဓနတွေ
ဘာအတွက်ရှာဖွေခဲ့ကျတယ်ဆိုတာ

ငါမသိသေးပါဘူး
တရားဘာဝနာနဲ့ ပဋိစ္စသမုပ္ပါဒ်အကြောင်းတွေ
ဒါပေမယ့်…..
ငါခပ်ရေးရေးလေးသိနေသလိုပဲ
အဲဒါ…………………
……………………..
……………………….
…………………………
……………………….
…………...သေခြင်းတရား …….

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)
23 Sep 2011/(05:51 AM)
***************************************
ငါသည်မုချသေရမည်အချိန်ပိုင်းသာလိုတော့သည်
(မိုးကုတ်ဆရာတော်ဘုရားကြီးအားဦးထိပ်ပန်ဆင်လျှက်)
****************************************

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

ငါ မသိသေးပါဘူး ဘ၀ ဆိုတာကို
အားပေးသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment