စွန့်ပစ်ပစ္စည်း
Comment #2
ပန်းတွေပွင့်မှ ဥယျာဉ်မဟုတ်ပါဘူး
နှလုံးသား တစ်ခုချထားလည်း ဥယျာဉ်ခေါ်မယ်
မင်းနာမည်ရေးထားတဲ့ ပင်လယ်ထဲ မျှားကြည့်တော့
ရင်ခုန်သံအသေတွေ မိတယ်
ဟိတ် တခုစဉ်းစားကြည့်စမ်း
ငါ့ရင်ဘတ်မှာ တီကောင်မပါတာ သေချာလားလို့ ……………
နှစ်ဝါတစ်နီ အပြမခံရလဲ
ငါ မင်းရင်ခွင်နဲ့ လွဲနေတုန်းပါပဲ
ဒီတခါ လကွယ်ပြီးရင်တော့ …..
ငါ ဂစ်တာမတီးပါရစေနဲ့တော့ …..
ညမှောင်မှောင်မှာ …………
အရောင်လက်လက် သူယောင်မယ်မျက်ဝန်းအတွက်
ငါ့ရင်ဘတ်က ဆုတောင်းမှားခဲ့တယ်
အချစ်ဝတ္ထု တခြမ်းဖတ်ပြီး ရင်မော
စက္ကန့်တိုင်း ရင်ခုန်မိချင်တဲ့ မင်း ရယ်သံလေးကလဲ
ခဏအဖြစ်နဲ့တောင် အရိပ်မပေးဘူး
မင်း အချစ်ကို တွေ့ချင်ဇောနဲ့
ရင်ဘတ်ကို ဂိတ်ကြေးအဖြစ် ပေးခဲ့ရတယ်
စွန့်ခဲ့ရတာ လွယ်လွန်းနေသလားကွယ် ………….
ကိုကြီးလက်မကျသေးပါလား အကုန်လုံးကိုကြိုက်တယ်ဗျာ ကဗျာတစ်ပုဒ်လုံးကို အမြဲတမ်းအားပေးလျက်
(စာကြွင်း ပြင်လိုက်တဲ့အပိုဒ်ကမှန်တယ် ဒုတိယအပိုဒ် အရမ်းလန်းတယ်)
🙂
By: မြတ်သူ(ခေတ္တ-လှည်းတန်း) at Sep 23, 2011
Comment #3
မင်း အချစ်ကို တွေ့ချင်ဇောနဲ့
ရင်ဘတ်ကို ဂိတ်ကြေးအဖြစ် ပေးခဲ့ရတယ်
စွန့်ခဲ့ရတာ လွယ်လွန်းနေသလားကွယ် ………….
တစ်ပုဒ်လုံးအရမ်းမိုက်တယ်…..ကိုချီရွန် ရေ…..
By: terry at Sep 23, 2011
Comment #9
မင်း အချစ်ကို တွေ့ချင်ဇောနဲ့
ရင်ဘတ်ကို ဂိတ်ကြေးအဖြစ် ပေးခဲ့ရတယ်
စွန့်ခဲ့ရတာ လွယ်လွန်းနေသလားကွယ် ………….
.တကယ်မလွယ်ပါဘူး…..။မလွယ်ပါဘူးဗျာ။ ကြိုက်တယ်။အားပေးသွားပါတယ်။
By: poem.poem28 at Sep 24, 2011




Comment #1
မိုက်တယ်ဗျာ ကောင်းတယ် ကဗျာက
အားပေးသွားတယ်