Professional Authors

၂၄ နာရီ

သတိရတယ်…ဟာ

အလွမ်းဒဏ်ကြောင့်

ညတွေတောင်အိပ်မရတာ..

နေ့ဘက်တွေဆို.(တွက်သာကြည့်တော့)………..

 

ချစ်လိုက်ရတာ..

ရင်ဘတ်ကြီးအပြည့်

သိပ်လဲမလွမ်းရဲ ဘူး

ငါသေမှာဆိုးလို့……….

 

အိမ်မက်တွေဖြစ်လာဖို့

စိတ်ကူးတွေ ဖြစ်လာဖို့

တူတူနေနိုင် စေဖို့

(ဆင်ခြေတွေ…အကြောင်းပြချက်တွေ)

ဒါနဲ့ပဲ….ခဏခဏ လွဲ, ခွဲနေရတော့တယ်…..

 

ထားတော့…ကျေနပ်ရမှာပေါ့.

ဖြေသိမ့်ပါတယ်..ဒီလိုလေး

“နေ့ကိုညစား …ညကိုနေ့ကပြန်စားနဲ့

ရောက်လာမယ်…တူတူနေနိုင်မယ့်ရက်”………

 

ဒါပေမယ့်..

နင်ပိုင်ဆိုင်တဲ့ ငါ့အနာဂတ်

ငါပိုင်နိုင်တဲ့ နင့်မနက်ဖြန်တွေ

အသက်ဆက်နိုင်ဖို့….(ခွဲရမယ့်)

ဒီ..၆ နှစ်လုံးလုံး

၂၄ နာရီအပြည့်လွမ်းပေးဟာ….

In: ကဗျာ Posted By: Date: Sep 21, 2011
Comment #1

ကောင်းပဗျာ……

commentinfo By: moehtetaung18 at Sep 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment