Professional Authors

ဘု ရား သ ခ င် ဖ န် ဆ င်း ထား တဲ့ ဗုံး

လေကြမ်းတွေကြားမှာပဲ
ကိုယ့်ကိုယ်ကိုယ် ခေါက်ရိုးကျိုး ပစ်လိုက်တယ်
တကယ်ဆို
ပန်းပွင့်တို့ ရဲ့ အိပ်မက်
ဖူးပွင့်ဖို့ ကြံမိတာ မှားသလား

နားတွေကို ထိုးခွဲလိုက်တယ်
သတင်းတွေ ကျလာတယ်
ကစဥ့်ကလျားသီအိုရီ နဲ့ 
ဒေါသ တွေ ပုံစံကျသွားတယ်
အိပ်သွန်ဖာမှောက် အိပ်မက်တွေ
ရူးရရုံလောက်တောင် မက်ခွင့်မပေးဘူး

ငါကြားဖူးခဲ့သလိုပဲ
ဘ၀ဆိုတာဟာ
လက်ဖက်ရည်ခွက်ထဲ
ကျတဲ့ ယင်ကောင် လိုပဲ
ရုန်းရင်း ကန်ရင်း နဲ့ သာ ချိုရတယ်
ဘယ်မှာလဲ ငါ့ဂုဏ်ပုဒ်တွေ
တေလေမှတ်တိုင်မှာ ဆိုင်းဘုဒ်ရိုက်ခံလိုက်ရတယ်

ငါကလဲ ငါပဲ
ကျွဲပါးစောင်းတီး
အိပ်မက်တွေ ကြေညာထိုးမိသမျှ
အသိခေါက်ခက် အ၀င်နက်လှတယ်

ဆုတံဆိပ်တွေနောက်
တချို့ တချို့ ရဲ့ တောက်ခေါက်သံ ခပ်ပါးပါးလေးကြားရတယ်
သူများမျက်ခုံးမွှေးပေါ်မှာ စင်္ကြံလျှောက်ဖို့ ကြိုးစားရင်း
ငါ့ မျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်သွားကြတယ်
လကွယ်ညက ကြောင်နက်တစ်ကောင်ရဲ့ ရင်ခုန်သံ
အလောင်းပေါ် ခုန်ကျော်သွားသလို
ဖုတ်ဆိုးသွေးရိုင်းတွေ ငါ့ကိုယ်ထဲ လည်ပတ်သွားတယ်

ပတ်ဝန်းကျင် လည်ပတ်မှု စနစ်ကြီးထဲမှာ
ငါဟာ ဖိနပ်မှာ ကပ်နေတဲ့ ပီကေ လိုပဲ
နင်းပြီး ဆွဲခွာခံလိုက်ရတယ်
လူမိုက်တစ်ယောက်ရဲ့ ချဉ်ခြင်း
တောက်ခေါက်ခြင်းနဲ့ သာ ဖြိုခွင်းလိုက်တယ်
ကျောက်စာမှာ အိပ်နေတဲ့ ကျိန်စာတို့ 
ငါ့ အား အမြန်စီရင်ကြပါ

မျှော်လင့်ခြင်း ဆိုတာ
ငါ့ အဘိဓါန်မှာ
ခေါင်းစဉ်တောင်ရှာမရတဲ့ အက္ခရာ
ငါ့ကိုယ်ငါ မှင်နီသုတ်
လောကကျောင်းက ထွက်စာတင်မယ်
ကောက်ကျစ်တဲ့ သိုးငယ်တွေကြားမှာ
ဝံပုလွေလုပ်ရတာ . . . မောတယ်

ငါ့ဘက်ကမှားတာပါ
တစ်လောကလုံး အမှန်ပဲ
သံစဉ်တချို့ နဲ့ ဂစ်တာကို စကားပြော
ရင်ခွင်ကြားမှာ အိပ်မက်တွေ ချော့သိပ်ခဲ့တယ်
အကြိမ်ကြိမ်အိပ်လဲ ခဏခဏ လန့် နိုးတဲ့ဘ၀မို့ 
င့ါမျက်လုံးငါ စိတ်နာတယ်

ချွေးသံရွှဲရွှဲ နဲ့ လောကဓံဆိုတာ ဒါလားလို့ မေးမယ်
ကလေးဦးနှောက်နဲ့ တော့ တရားမဟောပါနဲ့ 
နွေခေါင်ခေါင်မှာ နှင်းသီးတွေ ကျသလိုပဲ
ဖျားချင်တယ်

အခါတစ်ပါးမှာ
ဘုရားသခင်ဟာ
ငါ့အား စနက်တံဖြုတ်
လူ့ လောကထဲ ပစ်ထည့်ခဲ့တယ်
(သတိတော့ထား)
ငါဟာ အချိန်မရွေးပေါက်ကွဲနိုင်တယ် ၊၊ ၊၊

လမင်းဇော်
3:10 AM

In: ကဗျာ Posted By: Date: Apr 4, 2012
Comment #1

phat shu arr pay twar par d.

commentinfo By: ei lay at Apr 4, 2012
Comment #2

မတရား မိုက်တယ်
အားပေးသွားတယ်နော်….

commentinfo By: SoFarAwayFromU at Apr 4, 2012
Comment #3

good…တယ်ဗျ…တကယ်မိုက်တယ်..
အားပေးသွားပါတယ်

commentinfo By: poem.poem28 at Apr 4, 2012
Comment #4

ကျေးဇူးတင်ပါတယ် . . . . .

commentinfo By: လမင်းဇော် at Apr 5, 2012
Comment #5

VG…….TaR gyI yaE …………….
Bravo !!!!!!!!!!!!!!!!!!

commentinfo By: JacK at Apr 5, 2012
Comment #6

ဖျားးးးး လောက်တယ်ဗျာ ……..
အရမ်းကြိုက်တယ်

commentinfo By: sharon myorr myor at Apr 5, 2012
Comment #7

သူငယ်ချင်းးရေ..တကယ်ပါ…လေးစားအားကျသွားပါတယ်…
ကဗျာကောင်းတာထက်ပိုပါတယ်

commentinfo By: အသဲကွဲမိုး at Apr 5, 2012
Comment #8

အားလုံးကို ကျေးဇူး ထပ်တင်ပါတယ်ဗျာ ><

commentinfo By: လမင်းဇော် at Apr 10, 2012
Comment #9

အရမ်းကောင်းတယ်လို့ပြောရမယ်
ဆက်ရေးပါဦး
ကျွန်တော်အားပေးပါတယ်

commentinfo By: phokh@nt at Apr 10, 2012
Comment #10

ကောက်ကျစ်တဲ့ သိုးငယ်တွေကြားမှာ
ဝံပုလွေလုပ်ရတာ . . . မောတယ်

အရေးအသားအားလုံးက မာန်ပါတယ် .. ကြိုက်တယ် လမင်းဇော်။ 🙂

commentinfo By: pannei at Apr 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment