Professional Authors

ဒေါင်းအားမာန် အောင်ပွဲအလံ

 

မနေ့က April တစ်ရက် မမေ့နိုင်တဲ့ နေ့ရက်..
ရွေးကောက်ပွဲ မဲ စတင်တဲ့ အချိန်ကရင်
ငါတို့ရင်တွင်းမှာ အမှတ်တရဖြစ်တဲ့..
ဒေါင်းအလှတွေနဲ့ ကကြိုးဆင်လို့
အမှန်တရားတွေက မဲပြားပေါ်မှာ
အမှန်ခြစ်တွေ အထပ်ထပ်နဲ့
သမိုင်းပေါ်မှာ အထင်ကရဖြစ်ခဲ့…။

 

နှစ်တွေ အချိန်တွေ တိုက်စားသွားတဲ့
ရာစုနှစ်အတွက် ခုနှစ်တွေ ချို့တဲ့လို့
မမုန်းသောအပြုံးတွေနဲ့ စောင့်ဆိုင်းခဲ့
ငါတို့ မျှော်လင့်ချက်တွေ ၂၀၁၂ April တစ်ရက်မှာ
အလင်းရောင် အသည်းကြားက မဲပြားတွေက
အမှန်တရား ဒေါင်းသခင်အား အနိုင်ပေးခဲ့တာ
ပြည်သူ့အတွက် တိုင်းပြည်အတွက် အားလုံးအတွက်…။

 

ပြိုင်ပွဲတိုင်း ပြိုင်ပွဲတိုင်းမှာ ပန်းဝင်ခဲ့တဲ့
ဒေါင်းအိုးဝေ အမိမြေရှင်နဲ့ သူရဲကောင်းတွေဟာ
အစဉ်လာကောင်းတဲ့ မျိုးချစ်ဇာနည်ဘွားပေမို့
မာန်မာနမထားလို့ တိုင်းပြည်အတွက်
ကိုယ့်ကျိုးစွန့်လျက် အားထုတ်ခဲ့ကြတာ
သူတို့ရဲ့အတ္တမပါတဲ့ ဇွဲစိတ်နဲ့ ပြည်ချစ်တဲ့ စိတ်တွေပေါ့…။

 

တစ်ခေတ်မှာ တယောက်ထွန်းတဲ့ သူရဲကောင်းတွေနဲ့
ပြည်ချစ်မိခင်ရဲ့ စွမ်းပကားတွေက
အကြိမ်ကြိမ် လဲပြိုခဲ့လည်း စိတ်ဓာတ်အားနဲ့
မလျော့သော ဝီရိယအားတွေက
ပြည်မြန်မာမှာ  ဘုန်းတေဇ ထွန်းတောက်လို့
ထိုးဖောက်ကာ ကမ္ဘာမှာ မြန်မာ့အလင်း ထွန်းလင်းစေပြီ…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Apr 2, 2012
Comment #1

တပုဒ်လုံးကိုကြိုက်တယ်၊ ကြက်သီးတောင်ထသွားတယ် ကိုမြတ်မင်း

commentinfo By: ကံ့ကော်မောင် at Apr 3, 2012
Comment #2

ပြိုင်ပွဲတိုင်း ပြိုင်ပွဲတိုင်းမှာ ပန်းဝင်ခဲ့တဲ့
ဒေါင်းအိုးဝေ အမိမြေရှင်နဲ့ သူရဲကောင်းတွေဟာ
အစဉ်လာကောင်းတဲ့ မျိုးချစ်ဇာနည်ဘွားပေမို့
မာန်မာနမထားလို့ တိုင်းပြည်အတွက်
ကိုယ့်ကျိုးစွန့်လျက် အားထုတ်ခဲ့ကြတာ
သူတို့ရဲ့အတ္တမပါတဲ့ ဇွဲစိတ်နဲ့ ပြည်ချစ်တဲ့ စိတ်တွေပေါ့…။

တစ်ခေတ်မှာ တယောက်ထွန်းတဲ့ သူရဲကောင်းတွေနဲ့
ပြည်ချစ်မိခင်ရဲ့ စွမ်းပကားတွေက
အကြိမ်ကြိမ် လဲပြိုခဲ့လည်း စိတ်ဓာတ်အားနဲ့
မလျော့သော ဝီရိယအားတွေက
ပြည်မြန်မာမှာ ဘုန်းတေဇ ထွန်းတောက်လို့
ထိုးဖောက်ကာ ကမ္ဘာမှာ မြန်မာ့အလင်း ထွန်းလင်းစေပြီ…။

………….. လေးစားစွာအားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Apr 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment