Professional Authors

ဒဏ်ရာမျှော်လင့်ချက်

မျှော်လင့်ခဲ့ဖူးပေမဲ့ မမျှော်လင့်နိုင်တော့တဲ့ အချစ်တစ်ခု

မျှော်လင့်မထားတဲ့အချိန်
မမျှော်လင့်မိတဲ့လူတစ်ယောက်ကြောင့်
ဖြစ်လာတဲ့အခါ

မျှော်လင့်တွက်ဆသလို ရလဒ်တစ်ခု ဖန်တီးနိုင်ခဲ့ပေမဲ့
မမျှော်လင့်မိတဲ့ အခြေအနေတစ်ခုဖြစ်ခဲ့တယ်

ဒီအခြေအနေလေးကြောင့်
အဖြစ်အပျက်လေးအပြီးမှာ
မမျှော်လင့်ပဲ နှလုံးသားတစ်ချို့ ဒဏ်ရာ ရခဲ့တာ……..
မျှော်လင့်မိတဲ့သူနဲ့ ကံတရားရဲ့ စေစားချက် ဆိုတာ….

မမျှော်လင့်သင့်တော့မှန်း သိနေခဲ့လည်း
လူတစ်ယောက်အတွက် အကောင်းဆုံး အချစ်နဲ့
အခြေအနေတွေကို မျှော်လင့်ပေးနေမိဆဲဆိုတာ……………….

In: ကဗျာ Posted By: Date: Mar 12, 2011
Comment #1

မမျှော်လင့်သင့်တော့မှန်း သိနေခဲ့လည်း
လူတစ်ယောက်အတွက် အကောင်းဆုံး အချစ်နဲ့
အခြေအနေတွေကို မျှော်လင့်ပေးနေမိဆဲဆိုတာ……………….

commentinfo By: ထိုက် at Mar 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment