Professional Authors

နင် သာ ငါ့စိတ်ကို ဖတ်မိမယ်ဆို . . . .

နင်နဲ့ငါ ဟာ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ပေမဲ့
တစ်ယောက် နဲ့တစ်ယောက်မတွေ့ ရ မနေနိုင်တဲ့ သူတွေ ဖြစ်လိမ့်မယ် . . . .
နင့်ဘက်က ငြိမ်းချမ်းစေလိုတဲ့စိတ် ငါ့အပေါ် မိုးမိခဲ့တယ်ဆို
အိပ်မက်လေး ဖြစ်နေလည်း . . . .
ငါ့ကို ဆက်မက်ခွင့်ပေးပါ . . . .

ကံကြမ္မာ ဟာ အရူးတစ်ယောက်ပါ . . . . ရယ်
ငါတို့ နှစ်ယောက်ကြား ဟင်းလင်းပြင်တွေ ခြားလို့
တံတားခင်းပေးတော့လည်း သူပါ . . . .
ရှည်ကြာတဲ့ အခိုက်အတန့် ဖြစ်ပါစေ . . . .
ငါ့ကို ခေတ္တခဏလေးတောင် နင် မမေ့လိုက်ပါနဲ့ . . . .

သူစိမ်းတစ်ယောက် အတွက် မဖွင့်ပေးနိုင်တဲ့ တံခါးတစ်ချပ်နား
ွှရပ်နေမိတဲ့ငါ ဖြစ်ခဲ့လို့
အရူးလို့ ပြောလည်း ငါ ခေါင်းညိမ့်ပါတယ် . . . .
နုံအတယ်လို့ ပြောလည်း ငါ ခေါင်းညိမ့်ပါတယ် . . .
အနည်းဆုံးတော့ တံခါးခေါက်သူ ငါ ဖြစ်ချင်ခဲ့တာ . . . .

ငါ ဟာ နင်မဟုတ်တဲ့ သူ . . . .
နင် ဟာ ငါ့ဘ၀ ရဲ့ အစိတ်အပိုင်းလေး ကို ပိုင်ဆိုင်သူ . . . .
ငါ ပဲ တိုက်ပွဲခေါ်
ငါ ပဲ စစ်ရှုံး
အနည်းဆုံးတော့ ငါတို့ နှစ်ယောက်ကြားက နတ်ဆိုး တစ်ကောင် ကို ခုတ်မိချင်ခဲ့တာ . . . .

နင့်အတွက်ပါ . . . .
ဘာဖြစ်ဖြစ် နင့်အတွက်ပါ . . . .
နာကျင်စေတဲ့ အရာအားလုံးထက်ပို
နင့် မျက်ရည်တွေ နဲ့သာ သွေးထွက်တတ်ခဲ့သူမို့
စိုက်ပျိုးခဲ့တဲ့ ရွှေအိုရောင် နှင်းဆီတစ်ခင်းကို ရိတ်သိမ်း . . . .
ငါ့ ဘ၀နဲ့ ထုပ်လို့
နင့် ကိုပေးချင်ခဲ့တာပါ . . . .

ပုစွန်ဆီရောင်သန်း နေတဲ့ ညနေခင်းလည်း သိအောင်
ငါ့ အကြင်နာ တရားတွေ ပြန့်ကျဲ ခဲ့ပေမဲ့
လေတိုက်တိုင်း ရွေ့ နေသူ
ငါ့ တည်ဆောက်ထားတဲ့ ကံကြမ္မာ ဟာ မခိုင်မာဘူး . . . . ရယ်
အဆုံးစွန်မှာ ခွဲခွာရမယ်ဆိုရင်တောင်
ငါ နင့်အပေါ် အရိုးစင်းဆုံးမြတ်နိုးခဲ့တဲ့ နှလုံးသား ရယ် . . . .
နင့်အကြောင်း အစဉ်လို တွေးနေတတ်တဲ့ ဦးနှောက် ရယ် . . . .
အမြဲတမ်း နင့်အပေါ် ဖြူစင်ခဲ့တဲ့ စိတ်ဝိဥာဉ် ရယ် . . . .
ကမ္ဘာကြီးဟာ ကောက်ကျစ်တတ်တဲ့ စိတ်တွေ ကြောင့် ပျက်စီးရမယ်ဆိုရင်တောင်
တည်မြဲတဲ့ သူတို့ နဲ့ အတူ
ငါ့ပိုင် ကမ္ဘာသစ်မှာ နင့်ကိုစောင့်နေမယ် . . . .

အဲ့ဒီ အချိန်မတိုင်ခင်
မျက်ရည်ဟာ မှင်ဖျက်ဆေးအဖြစ်
နင် ငါ့ စိတ်ကို နားလည်နိုင်မယ်ဆို . . . .
ဘယ်တော့မှ မျက်ရည် မသုတ်ဘူး . . . .
ငါ . . အချိန်တိုင်း ပျော်ရွှင်စွာ ငိုနေမယ် . . . . ။

In: ကဗျာ Posted By: Date: May 20, 2010
Comment #1

ငါ . . အချိန်တိုင်း ပျော်ရွှင်စွာ ငိုနေမယ် ?? တကယ် ပင်ပန်းတယ်ဗျာ။ ခင်ဗျားရက်စက်တယ်။ ^_^

commentinfo By: NMT at May 20, 2010
Comment #2

ငါ နင့်အပေါ် အရိုးစင်းဆုံးမြတ်နိုးခဲ့တဲ့ နှလုံးသား ရယ် . . . .
နင့်အကြောင်း အစဉ်လို တွေးနေတတ်တဲ့ ဦးနှောက် ရယ် . . . .
အမြဲတမ်း နင့်အပေါ် ဖြူစင်ခဲ့တဲ့ စိတ်ဝိဥာဉ် ရယ် . . . .
ကမ္ဘာကြီးဟာ ကောက်ကျစ်တတ်တဲ့ စိတ်တွေ ကြောင့် ပျက်စီးရမယ်ဆိုရင်တောင်
တည်မြဲတဲ့ သူတို့ နဲ့ အတူ
ငါ့ပိုင် ကမ္ဘာသစ်မှာ နင့်ကိုစောင့်နေမယ် . . . .

ကဗျာ 1ပုဒ်လုံးကို ကြိုက်တရ်….ဒီစာသားကိုတော့ အခိုက်ဆုံးပဲ….

commentinfo By: Yu Mon Htwe at Mar 17, 2011
Comment #3

ငါ. . အချိန်တိုင်း ပျော်ရွှင်စွာ ငိုနေမယ်. . . . စကားလုံး အဆန်းလေးဘဲဗျ အားပေးသွားတယ်။

commentinfo By: X - ray at Aug 30, 2011
Comment #4

so touching to my heart deeply,,
me too,,i always cry if i remember,
i always cry if he neglect me,,
but i won’t let him know,
only 1 i’ll let him know how much he is essential for my life.

commentinfo By: ei lay at May 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment