Professional Authors

ချစ်သူ သို့…….

မမှီမကမ်းနဲ့ပဲလှမ်း လှမ်း တုံးခုပြီးပဲလှမ်းလှမ်း

မင်းကလေးက ပန်းကပန်းပါပဲကွယ်….

ဖြူစင်တယ်တဲ့လား အဲဒီအပြုံးတွေ

ထောင်ချောက်ပေါ့.. ငါ့ညဘက်တွေအကုန်လုံး

အဲဒီထောင်ချောက်ထဲမှာ အလဲလဲအကွဲကွဲနဲ့

တကယ်ကို ကံတရားက ညစ်တီးညစ်ပတ်နိုင်လွန်းပါတယ်….

၇ွှန်းရွှန်းလဲ့အောင်အရောင်တောက်တဲ့

အဲဒီမျက်ဝန်းတွေကို ကော့ညွတ်တဲ့မျက်တောင်တွေနဲ့ ခပ်သိမ်းလိုက်ပြန်ပြီ

ကျိန်စာပေါ့ … သာသာယာယာငါ့ကမ္ဘာလဲ

အဲဒီကျိန်စာအောက်မှာ စပျက်တော့တာပဲ

တကယ်ကို ကံတရားက မျက်နှာလိုက်လွန်းပါတယ်…

မာကျောချင်ယောင်ဆောင်ထားတဲ့ အဲဒီနှုတ်ခမ်းချိုချိုတွေကို

စကားလုံးထဲခံစားချက်အစာသွတ်လို့ ငါ့ဆီပို့လွှတ်လိုက်ပြန်ပြီ

ပယောဂပေါ့ …. ချွန်းဖွင့်လိုက်တဲ့ဆင်တစ်အုပ်လုံး

ငါ့နှလုံးသားပေါ်ဖြတ်ပြေးသွားတော့တာပဲ…..

တကယ်ကို ကံတရားက အမြင်ကပ်ဖို့ကောင်းလွန်းပါတယ်…..

In: ကဗျာ Posted By: Date: Sep 18, 2011
Comment #1

. ချွန်းဖွင့်လိုက်တဲ့ဆင်တစ်အုပ်လုံး

ငါ့နှလုံးသားပေါ်ဖြတ်ပြေးသွားတော့တာပဲ…..
ကောင်းတယ်ဗျာ လုလင် အားပေးသွားပါတယ်

Comment #2

မမှီမကမ်းနဲ့ပဲလှမ်း လှမ်း တုံးခုပြီးပဲလှမ်းလှမ်း

မင်းကလေးက ပန်းကပန်းပါပဲကွယ်….

ဖြူစင်တယ်တဲ့လား အဲဒီအပြုံးတွေ

ထောင်ချောက်ပေါ့.. ငါ့ညဘက်တွေအကုန်လုံး

အဲဒီထောင်ချောက်ထဲမှာ အလဲလဲအကွဲကွဲနဲ့

တကယ်ကို ကံတရားက ညစ်တီးညစ်ပတ်နိုင်လွန်းပါတယ်….

၇ွှန်းရွှန်းလဲ့အောင်အရောင်တောက်တဲ့

အဲဒီမျက်ဝန်းတွေကို ကော့ညွတ်တဲ့မျက်တောင်တွေနဲ့ ခပ်သိမ်းလိုက်ပြန်ပြီ

ကျိန်စာပေါ့ … သာသာယာယာငါ့ကမ္ဘာလဲ

အဲဒီကျိန်စာအောက်မှာ စပျက်တော့တာပဲ

တကယ်ကို ကံတရားက မျက်နှာလိုက်လွန်းပါတယ်…

မာကျောချင်ယောင်ဆောင်ထားတဲ့ အဲဒီနှုတ်ခမ်းချိုချိုတွေကို

စကားလုံးထဲခံစားချက်အစာသွတ်လို့ ငါ့ဆီပို့လွှတ်လိုက်ပြန်ပြီ

ပယောဂပေါ့ …. ချွန်းဖွင့်လိုက်တဲ့ဆင်တစ်အုပ်လုံး

ငါ့နှလုံးသားပေါ်ဖြတ်ပြေးသွားတော့တာပဲ…..

တကယ်ကို ကံတရားက အမြင်ကပ်ဖို့ကောင်းလွန်းပါတယ်…..
အကုန်လုံးကိုကြိုက်တယ်ဗျာ

commentinfo By: ဧရာဝတီသားး at Sep 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment