Professional Authors

“မိုးတိမ်အတွက် တောင်းတဲ့ဆု”

တိမ်တွေ.. အတောင်ညောင်းတတ်ပါသလား….
ကျွန်တော်ကတော့…
ဆုတောင်းပေးပါဦးမည်…….

တစ်ခါတလေ.. ဂဠုန်…
တစ်ခါတလေ.. နဂါး….
အမျိုးစုံ ဖမ်းစားတတ်တဲ့..တိမ်တိုက်များကြား….
စိတ်ကူးတွေ မျောလွင့်….
ကာရံတွေနဲ့ ရွက်လွှင့်ခဲ့ဘူးသည်……

ကောင်းကင် ပြာပြာကြီးရဲ့အောက်…
တစ်ယောက်ထဲ လမ်းပျောက်သလို ဖြစ်တိုင်းလည်း..
တိမ်တွေကို ကြည့်ငေး…
အားအင်သစ်တွေ မွေးယူခဲ့ဘူးသည်……

မိသားစုရဲ့ အဝေး….
အထီးကျန်တဲ့ အတွေးတွေနဲ့…
တိမ်တောက်တဲ့ ကောင်းကင်အောက်…
နာကျင်စွာ လမ်းလျှောက်ခဲ့ဘူးသည်….

အနာဂါတ်အတွက် စဉ်းစား…
နှစ်ဦးအတူနီးဖို့ ရည်ရွယ်ချက်များနဲ့…
ရောင်စုံတိမ်တိုက်များကြား..
ချစ်သူနဲ့ ပျော်ရွှင်စွာသွားခဲ့ဘူးသည်….

လေပြေညင်းရဲ့ ဂီတသံလည်း မခံစား…
နေရောင်ခြည်ရဲ့ နွေးထွေးမှုလည်း မမက်မော…
ကောင်းကင်ပြာရဲ့ ကြည်လင်မှုလည်း မမြင်လို….
တစ်ချိန်ချိန်မှာ .. အမှောင်ဖုံး
တိမ်တိုက်တွေ ပျောက်ဆုံးသွားမှာ ကျွန်တော်ကြောက်သည်…

ကမ္ဘာမြေပြင်ရဲ့ အထက်….
ကောင်းကင်ရဲ့ လှပမှုကို ဖြည့်စွက်ပေးတဲ့….
တိမ်တိုက်တွေ အတောင်မညောင်းဖို့အရေး…..
ကျွန်တော်…ကတော့…
နေ့စဉ်..နေ့တိုင်း….
ဆုတောင်းပေးနေပါဦးမည်………………..။

လေးညှို့ရှင်
(၉.၄.၂၀၁၃) 8:51 PM

(မွေးနေ့မှာ ရေးဖြစ်တဲ့ကဗျာ)

In: ကဗျာ Posted By: Date: Apr 10, 2013
Comment #1

*_*

commentinfo By: ei lay at Apr 11, 2013
Comment #2

ခံစားအားပေးသွားပါတယ်ခင်ဗျာ

btw ဟက်ပီးဘက်ဒေးပါခင်ဗျာ…ကဗျာကောင်းလေးပေါင်းများစွာကို ထုဆစ်ပုံဖော်ရေးဖွဲ့နိုင်သူတယောက်ဖြစ်ပါစေ။

commentinfo By: အသဲကွဲမိုး at Apr 11, 2013
Comment #3

ကျေးဇူးပါ ei lay နဲ့ အသဲကွဲမိုး…..

commentinfo By: laynhyotshin at Apr 11, 2013
Comment #4

Happy Birthday .. တိမ်တွေအတောင်ညောင်းမှာမဟုတ်ဘူး
ယုံကြည်လို့ရပါတယ်

commentinfo By: မေပျို at Apr 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment