Professional Authors

မျက်မြင်အလွှာတစ်စုရဲ့ ပဲ့တင်ထပ်သံရင်မောခန်း

 

မျက်မြင်အလွှာတစ်စုရဲ့ ပဲ့တင်ထပ်သံရင်မောခန်း

 

အရောင်ရင့်ရင့် ဒုက္ခအိမ်ထဲ စကားပွက်ပွက်ညံအသွားအလာ ပယောဂအစုံအလင်

အတ္တပတ္တဖြာထက်

ရယ်မောခြင်းထဲ စကားတွေပြောခဲ့ကြ ခက်တာရဲ့နောက်ဆက်တွဲဝေဒနာ အလွမ်းအမောသက်သေ

စိတ်ညစ်ခြင်းထဲစကားတွေပြောခဲ့ကြ မွေးကတည်းက မွေးရာပါအမာရွတ် ဒဏ်ရာ

မလိုမုန်းပွားမှုထဲ စကားတွေပြောခဲ့ကြ ပတ်ဝန်းကျင်ရဲ့ စကားအစဉ်အလာ ညှိနှိုင်းမဲ့ရာလွင်ပြင်မဟုတ်

ချွေးထွက်ခြင်းထဲ စကားတွေပြောခဲ့ကြ သားသမီးတွေရဲ့နောင်ရေး ရင်ဝဟာ တို့လို့တန်းလန်းအိပ်ယာဝင်

ပြေပြစ်ခြင်းထဲ စကားတွေပြောခဲ့ကြ အဖေနဲ့အမေက ကိုးကွယ်ရာမဲ့ အစစ်အမှန်ရသ နရီ ပြောကြားရာနရီ

ဂုဏ်သွေးမောက်ရာ လူပင်လယ်ထဲ စကားတွေပြောခဲ့ကြ ဆိုဆုံးမမှုဝေးကွာရာငရဲခန်းရဲ့

ဇာတ်ဝင်ခန်းတစ်နေရာ အရောက်

ကူညီခြင်းထဲကစကားတွေပြောခဲ့ကြ အကောင်းဆုံးနေရာဖြစ်တဲ့ လူ့သဘာဝထဲက နောက်တခါ

ပြန်လာလိမ့်မယ်ဆိုတာ

ပရမ်းပတာထဲ စကားတွေပြောခဲ့ကြ လောကနဲ့မတူတဲ့လောကထဲ အမှားအယွင်းဒဿနကျဆုံးခန်း

ရွံ့မုန်းခြင်းထဲ စကားတွေပြောခဲ့ကြ ဟန်ဆောင်ကောင်းရာမုသားတစ်သိန်း အဟုတ်တင်ရင်း အဝေး

ထမင်းစားခြင်းထဲစကားတွေပြောခဲ့ကြ ဘယ်အရာမှအလကားရခြင်းမဟုတ် တန်ခိုးရှင်အနှိုင်းမဲ့က ကြွေးတာ

သာယာငြိမ့်ငြောင်းမှုထဲ စကားတွေပြောခဲ့ကြ အရာရာဟာ တကယ်တော့ အစစ်အမှန်မြင်ကွင်းကိုသာ လွမ်း

မိတ်ဆွေဖြစ်ခြင်းထဲ စကားတွေပြောခဲ့ကြ ဒါကလည်း မသိခင်အစမှာ တည်ကိန်းစကားသာဖြစ်လိမ့်မယ်

မြင်ကွင်းတစ်ခုတည် စကားတွေပြောခဲ့ကြ ဒါကလည်း မမြင်ကတည်းက မမြင်ခဲ့တာဖြစ်လိမ့်မယ်

ဒုက္ခကြမ္မာထစ်ငေါ့ခြင်းထဲ စကားတွေပြောခဲ့ကြ မစဉ်းစားခြင်းအရိပ် ပေါက်ဖွားကြီးပြင်းခဲ့စဉ်က

ထဲထဲဝင်ဝင်ထဲ စကားတွေပြောခဲ့ကြ နီးစပ်ရာစကားသံကို လှမ်းကြားတော့လည်း

နောင်ခါလာ နောင်ဈေးသဘော ရိုးသားစွာနေထိုင်မှုထဲ စကားတွေပြောခဲ့ကြ

ဒါက ထပ်ဆင့်လာတဲ့ ကံကံ၏ စေတနာကြမ္မာကူညီနိုင်ဦးမလား

အားလုံးအားလုံးထဲ စကားတွေပြောခဲ့ကြ အရောင်အမျိုးမျိုးပေါက်ဖွားရာ အနာဂတ်မဲ့သလား

အနာဂတ်မမဲ့သလား

 

ရိုးရာပုံပြင် စဉ်းစားတိုင်း ရိုးရာပုံပြင်တစ်ပုဒ်ပဲရတယ် အဲဒီမှာလည်း စကားတွေ ခဏခဏပြောနေကြတယ်

စကားပြောခြင်းထဲ စကားပြောခြင်းတွေဟာ မဖိတ်ခေါ်ခဲ့တဲ့ စကားအစုစု

ပြောနေတဲ့စကားတွေနဲ့ စကားအတင်းဝင်လုပြောနေတာ စကားပြောခြင်းတွေထဲကပဲ ရခဲ့တယ်။

 

 

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

In: ကဗျာ Posted By: Date: Sep 18, 2011
Comment #1

ရယ်မောခြင်းထဲ စကားတွေပြောခဲ့ကြ ခက်တာရဲ့နောက်ဆက်တွဲဝေဒနာ အလွမ်းအမောသက်သေ

စိတ်ညစ်ခြင်းထဲစကားတွေပြောခဲ့ကြ မွေးကတည်းက မွေးရာပါအမာရွတ် ဒဏ်ရာ

မလိုမုန်းပွားမှုထဲ စကားတွေပြောခဲ့ကြ ပ

commentinfo By: May Kha at Sep 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment