Professional Authors

အရီးရဲ့ကိုဧရာ

 

ကိုဧရာရဲ့ သမိုင်းတွေကြောင့်

အရီးတို့ တဲလေး လယ်ယာလည်းကောင်း

သီးနှံကောင်းနှင့် အထွက်ကောင်းခဲ့တာ

သူတို့ကျေးဇူးကြောင့်လေ…။

 

ခရီးသွားလာတဲ့ အရီးတို့ဝန်းကျင်က

မိတ်ဆွေတွေကို ကုန်ကူးကုန်ရောင်း

ကောင်းရောင်းကောင်းဝယ် ပြုလုပ်နိုင်တာ

ကိုဧရာရဲ့ ကျေးဇူးကြောင့်လေ..။

 

အရီးတို့တွေ အသိတွေတိုးဖို့

သတင်းကောင်းတွေ ဂုဏ်သတင်းတွေ

ပြန့်နှံ့ထုံးသင်း သယ်ဆောင်ခြင်းက

ကိုဧရာရဲ့ ကျေးဇူးကြောင့်လေ…။

 

တောင်သူဦးကြီး အရီးတို့လယ်တွင်းက

ရေလာမြောင်းပေး တိုးတက်ရေးတွက်

သီးနှံကောင်းတွေ ထုတ်လုပ်ပေးတာ

ကိုဧရာရဲ့ ကျေးဇူးကြောင့်လေ…။

 

အများသိတယ် သမိုင်းသိတယ်

ရာဇဝင်ရှိတယ် မဟာဝင်ရှိတယ်

ကျေးဇူးကြီးမားတယ် သူတို့သိစေ

ကိုဧရာရဲ့ ကျေးဇူးကြောင့်လေ..။

 

မမိုက်ပါနဲ့ မတိုက်ပါနဲ့

ချစ်တက်မြတ်နိုးတက်စေ တို့သမိုင်းရဲ့

အစဉ်လာကြီးသော အရီးတို့ ဦးကြီးတို့

ကျေးဇူးရှင် ကိုဧရာကိုလေ…။

 

ကိုဧရာရယ် လူမသိသူမသိ

အရီးတို့အိမ်နား ယာတောနားမှာ

မျက်ရည်မိုးစက် ရွာသွန်းဖြိုးလို့

အရီးတို့လည်း မျက်ရည်မိုးတွေစွေခဲ့ပြီလေ…။

 

ငိုခြင်းတွေသာ ကုန်ဆုံးခဲ့တယ်

တရားခံမဲ့ ပြဇာတ်ထဲကို

ကိုဧရာ ဝင်ရောက်ခဲ့တာကြောင့်

မြစ်ဆုံမှာ ဆယ်တားသလိုပေါ့..။

 

ကိုဧရာရယ် ဆယ်ဆုံငါးကို

ကျော်ခုန်ကာဖြင့် အရီးတို့ရဲ့

လယ်ယာတောကို မြင်ကြည့်စေချင်

ကိုဧရာရယ် မြင်နိုင်မည်လား…။

 

မြင်နိုင်သေးတယ် တွေ့နိုင်သေးတယ်

တို့များနေရာ တို့လယ်ယာကို

ကိုဧရာရဲ့ ဝင်ခွင့်လက်မှတ်

ခုံအမှတ်တွက် အရီးဝယ်ခဲ့တယ်လေ..။

 

ကိုဧရာရယ် တို့များလယ်တောနဲ့

ဝေးကွာမိုင်ထောင် သိန်းသန်းချီလို့

လေလွင့်ခဲ့ရင် အရီးနဲ့ဝန်းကျင်

ကိုယ်စီရင်မှာ မျက်ရည်မိုးတွေနဲ့ပေါ့..။

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 16, 2011
Comment #1

ကိုမြတ်မင်းရဲ့ကဗျာတွေဖတ်ရတာအားဖြစ်ပါတယ်……..
ဆက်တင်ပေးပါနော်…..

commentinfo By: May Kha at Sep 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment