Professional Authors

ဘ၀ပေးပါ ကိုဧရာ

 

 

 

ကံကြမ္မာဟာ စကြာလည်သလို

လှေတစ်စီးနဲ့ လှည့်လည်ရင်း

ကုန်စည်ဈေးရောင်း မြို့ရွာတွေကို

ကိုဧရာ ဘီးမောင်းလို့ ရောက်ခဲ့တယ်..။

 

ပျော်စရာ သုခဘုံဟာ

ဘ၀လှေထဲမှာ ကုန်စည်ရင်းနဲ့

အတူပျော်ဖို့ ဘ၀တွဲဖော်ကို

ရှာဖွေသော်လည်း ခြောက်သွေ့တော့မယ်လေ….။

 

အသွင်မတူ ရေလှူဖို့အတွက်

ကိုဧရာ မြစ်ဝကိုတက်

လှေဖျက်သလို မုန်တိုင်းတွေလည်း

ရင်ဆိုင်ကာ အသက်ဆက်ခဲ့ဘူးတယ်..။

 

အများအတွက်ပေဖို့ ထားမရက်နိုင်ဘူး

ကိုဧရာ မြစ်ရေကြောမှာ

မည်သို့တားပါစေအုန်း လာလှည့်မယ်

ဂတိစကားတွေနဲ့ စောင့်မျှော်လို့ရူး…။

 

ခွင့်တောင်းကာ သွားချင်ပေမဲ့

တားမြစ်သူ တောင်ခါးပန်ရယ်က

ဆယ်တားသလို ကုန်စည်ရောင်းဝယ်

ကိုဧရာရယ် ရပ်နားတော့မည်လား…။

 

တွေးလေလေ အနာဂါတ်ရေးပေမို့

ဆွေးလေလေ အပြေနိုင်ဘူးလေ

ကိုဧရာ ရေယဉ်ကြောမှာ

ပျောက်လုလု သူ့လှေ ရေကြောင်း…။

 

ကောင်းသမျှကို သမိုင်းဖျောက်မယ်

လုပ်လေသမျှ သူ့ခွန်တက်ပါလို့

ကိုဧရာ ဒီရေကြောမှာ

ခါးလျော့လို့ ခါးလျော့လို့..မူး…။

 

အစဉ်အလာ ကောင်းသမို့

သမိုင်းကောင်း ကိုဧရာရယ်

သတင်းပေးလို့ သူကြော်ငြာတယ်

တောင်းဆိုသူများ တိုင်းမက ပြည်ပြန့်လို့ များ..။

 

ခွင့်တောင်းချင်သည် ခွင့်ပြုစေချင်

ကိုဧရာရယ် သွားလာလှုပ်ရှား

ဒီလမ်းကြောင်းကို သူ့ရွာကောင်းစေဖို့

ကုန်စည်လည်းကောင်း လှည့်လည်လို့ရောင်း..။

 

အခွင့်ထူးပေမို့ အပြစ်မယူစေချင်

တရားခံအလား တရားလိုများ

ပြစ်ခြောက်ပါးနဲ့ ထင်မြင်မှားလို့

ကိုဧရာကို ဒဏ်ခတ်တာလား….။

 

မှားလေသမျှ ခါးမြေချလို့

သူ့သမိုင်းမှာ ပညာရှင်တွေဝိုင်း

ချီးမွှမ်းသံ ကရုဏာသက်ရယ်က

ကိုဧရာ ဇာတ်တိုက်လို့ ကူး..။

 

အသွင်မတူ အိမ်သူကိုမှ

ပေါင်းသင်းနေမျှ ကိုဧရာ

ရောင်းသမျှ လုပ်သမျှဟာ

မြစ်ရေတက်ကျလို ပျက်စီးရပြီ..။

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blospot.com

In: ကဗျာ Posted By: Date: Sep 20, 2011
Comment #1

ကိုမြတ်မင်းရေ…….ဘယ်လိုပြောရမယ်မှန်းမသ်အောင်ကောင်းပါတယ်…
အားပေးနေတယ်.

commentinfo By: May Kha at Sep 20, 2011
Comment #2

ခွင့်တောင်းချင်သည် ခွင့်ပြုစေချင်

ကိုဧရာရယ် သွားလာလှုပ်ရှား

ဒီလမ်းကြောင်းကို သူ့ရွာကောင်းစေဖို့

ကုန်စည်လည်းကောင်း လှည့်လည်လို့ရောင်း..။

အခွင့်ထူးပေမို့ အပြစ်မယူစေချင်

တရားခံအလား တရားလိုများ

ပြစ်ခြောက်ပါးနဲ့ ထင်မြင်မှားလို့

ကိုဧရာကို ဒဏ်ခတ်တာလား….။

commentinfo By: May Kha at Sep 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment