Professional Authors
မဖြစ်နိုင်သောအခါ (သို့) ကျောက်ဆစ်သံယောဇဉ်
နှုတ်မဆက်ကြပါနဲ့ 
ပြီးတော့လည်း ဝေးသွားရမှာပါပဲ၊
သမားရိုးကျဝတ္ထုထဲက ပုံစံအတိုင်း
အိပ်မက်ဆိုတာ အမြဲတောက်ပမနေတတ်ဘူး
ကံကြမ္မာဆိုတာက
               ဘယ်တော့မှ မယုံရဘူး။
နင်ထင်ထားတာ အမှန်ဆိုရင်
အဲဒါကို ပြန်ပြင်လိုက်ပါတော့
မျှော်လင့်ချက်တွေ
လူတစ်လုံး၊ သူတစ်လုံး ဖြစ်လာဖို့ က ခဲယဉ်းတယ်
ဒီကမ္ဘာမှာက မတူညီမှုတွေ သိပ်ပေါတာ
အားမကျပါနဲ့ 
မိုက်ရူးရဲဆန်ဆန် အချစ်တွေ၊
သူရဲကောင်းအမည်ခံ အရူးတွေ။
မှူးနေ၀န်းက
“ သဇင်ကိုမှ ခူးဆွတ်ချင်တဲ့ကောင် ” တဲ့၊
ဖိုးဝကတော့
“ အိပ်မက်ထဲက အထီးကျန်ပွင့်တဲ့ပန်း ” လို့  ပြောတယ်၊
စိတ်ထဲမထားပါနဲ့ ၊
နင်ရယ် . . .
ငါ နင့်ကိုချစ်မိတာ စိတ်ထဲမထားပါနဲ့ ၊
ဝေးကြမယ့်သူတို့ အတွက်
အနာဂတ်ကို ကော်ဖီခွက်ထဲ ထည့်ဖျော်လိုက်မယ်၊
ကံကြမ္မာဆိုတာက
                    ဘယ်တော့မှ မယုံရဘူး။             ။
                                       နရီမင်းထက်(ဆေးတက္ကသိုလ်)
In: ကဗျာ Posted By: Date: Sep 13, 2011
Comment #1
ဝေးကြမယ့်သူတို့ အတွက်
အနာဂတ်ကို ကော်ဖီခွက်ထဲ ထည့်ဖျော်လိုက်မယ်၊
ကံကြမ္မာဆိုတာက
ဘယ်တော့မှ မယုံရဘူး။ ။ ( Nice )
commentinfo By: May Kha at Sep 13, 2011
Comment #2
NICE POEM
commentinfo By: jenny at Sep 13, 2011
Comment #3
နှုတ်မဆက်ကြပါနဲ့ 
ပြီးတော့လည်း ဝေးသွားရမှာပါပဲ၊
သမားရိုးကျဝတ္ထုထဲက ပုံစံအတိုင်း
အိပ်မက်ဆိုတာ အမြဲတောက်ပမနေတတ်ဘူး
ကံကြမ္မာဆိုတာက
ဘယ်တော့မှ မယုံရဘူး။
တပုဒ်လုံးနှစ်သက်ပါတယ်
commentinfo By: အသဲကွဲမိုး at Sep 16, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment