Professional Authors

ဂွတ်ဘိုင်

အပ်ကြောင်းထပ်နေတဲ့
ဆင်ခြေဆင်လက်တွေနဲ့
မလာချင်မှတော့
ဘာလို့ခေါ်နေရမှာလဲ….
နင်နဲ့ငါ့ရဲ့ ကြားမှာ
အက်ကွဲကြောင်းတွေက တဖြည်းဖြည်းများလာပြီ…
ပြန်ပြန်စေ့စပ်နေရတဲ့နေ့တွေကိုလည်း
စိတ်ကုန်လှပြီ….
အားမနာပါနဲ့
စိတ်ကုန်နေလည်း ဇာတ်လမ်းကိုဒီမှာရပ်လို့ဖြစ်ပါတယ်
ငါ လည်း နင့်ကိုစိတ်ကုန်စပြုနေပြီ
အရင်လိုပြန်ဖြစ်ဖို့ဆိုတာကို
ရုးရူးမိုက်မိုက်ပြန်မမျှော်တတ်တော့တာလည်း
ဘယ်လောက်ကြာပြီလဲ
ဒီတော့ ….
ဒီတိုင်းကြီးမျောနေမယ့်အစား
စကားတခွန်းနဲ့လမ်းခွဲကြမယ်
ဂွတ်ဘိုင်…………………….။                    ။

In: ကဗျာ Posted By: Date: Sep 10, 2011
Comment #1

oh,,,
wow,,
wow,,,
good bye.

commentinfo By: ei lay at Sep 10, 2011
Comment #2

စိတ်နာတယ်ဆိုတဲ့စကားထက်..စိတ်ကုန်တယ်ဆိုတဲ့စကားကိုပိုကြောက်တယ်…..

commentinfo By: May Kha at Sep 12, 2011
Comment #3

ညီမလေးအတွက်ရေးထားသလိုဘဲနော်

commentinfo By: bluesky.bluesky at Sep 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment