Professional Authors

တစ်ညတာ(သို့မဟုတ်) ၁၂၀ ဒီဂရီ

ပိုးစုန်းကြူးတွေ ညီးလာတဲ့
သံစဉ်တွေက
လေပြေတွေဆက်ညီးနေလေရဲ့
ဟိုးလှေကားထိပ်က
ပျော့ပျော့အိအိ ၀ါဂွမ်းဖြူတွေက
ငါ့ခေါင်းကိုလာတိုက်နေကြလေရဲ့
ဆေးတစ်လုံးနှစ်ဆယ်
ပန်းရောင်သုံးလုံးပါတယ်
ငါမော့ချလိုက်တယ်
စိတ်ထဲမှာတော့ ကြိုးတစ်ချောင်းကိုအားပြုနေရသလိုပဲနော်
အော်ဆေးခန်းခ
မင်းသမီးကြေငြာတဲ့ ဆေးက ကောင်းပါ့မလား
ထားလိုက်ပါတော့လေ
ခေါင်းထဲမှာတော့ ဗူဗူဇီလာတွေ
အပြိုင်အဆိုင် မှုတ်နေကြလေရဲ့
ဘာတွေမှန်းတော့မသိပါဘူး
ခန့်မှန်းကြည့်တာတော့
တံခါးခေါက်နေတယ်လေ
မရဘူးသင်းတို့ကို
ငါမောင်းထုတ်လိုက်တယ်
ရပ်ကွက်လူကြီးက၀င်ပြောတယ်
ဒီတစ်ညတော့သိပ်လိုက်ပါတဲ့
ဒီတော့ငါလည်း
အနီးအနားမှာရှိတဲ့
အဖြူရင့်ရင့် နှင်းဆီပွင့်ချက်တစ်ခုကိုလှန်ရင်း
ရော့ ဒါနင်ခြုံဖို့စောင်
နောက် ငါ့ကို မိုးပေါ်မှာတွေ့ရင်တောင်
နှုတ်ဆက်စရာမလိုဘူး
ဒီလိုပြောရင်းနဲ့ငါခုန်ချလိုက်တယ်လေ
ဗောလောကြီးမျောရင်းနဲ့ပေါို့………..။
(ကဗျာဆရာတွေ နေမကောင်းဖြစ်တာတောင် ကဗျာတစ်ပုဒ်ဖြစ်ကြောင်း ဖော်ပြလိုက်တာပါ…မှတ်မှတ်ရရ အဲ့ဒီနေ့ ကစာမေးပွဲဖြေနေရလေရဲ့…….)

In: ကဗျာ Posted By: Date: Aug 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment