Professional Authors
တမ်းတစိတ်…
ညှီစို့ စို့ အလွမ်းအသားတစ်တွေထဲ
 တမ်းတမှုလောက်လန်းကောင်တွေ
အောင်သေအောင်သားပွဲတော်တည်နေလေရဲ့
လေညှင်းတွေနဲ့ ထုံမွမ်းထားတဲ့ 
သန်းခေါင်ယံက
မလုံ့ တလုံဆင်မြန်းထားသေးတယ်…..
ပစ္စက္ခအနေအထားမှာ
ဝီစကီတစ်ခွက်လောက်တောင်
အဖိုးမတန်တဲ့
ကြည်နူးခြင်းတွေနဲ့ 
ရင်ခုန်သံတစ်ခုကိုဆာလောင်နေတယ်ဆို၇င်
သက္ကရစ်များစွာအတွက်
ရာဇ၀င်ရိုင်းသွားလိမ့်မယ်……..
ချစ်ရေ……………
ပုလဲလုံးလေးတွေရဲ့ အမိန့် တော်နဲ့ ထပ်တူ
ငါ့မျက်လုံးတွေလဲေ၀၀ါးနေတယ်ကွယ်
ဥပေက္ခာတရားတွေ ၊ ကဆုန် ပေါက်ပြီး
မင်းရဲ့ မျက်ဝန်းနက်နက်တွေဆီကို
ဘယ်ချိန်ကများ ပန်းတိုင်ဝင်သွားခဲ့ ပါလိမ့်နော်…..
သေချာတာတစ်ခုကတော့
အချစ်နဲ့ အမှန်း ကြား မှာ
ဘော်လီဘောပုတ်တတ်တဲ့ 
မင်း ရဲ့ စကား လုံးတွေနဲ့ အတူ
ပျားရည်တစ်ခွက်ကိုလဲ
ဇိမ်ရှိရှိမှီဝဲဖူးတယ်….
ပန်းပွင့်တွေ တဖြုတ်ဖြုတ်ကြွေနေတယ်ကွယ်
တိမ်ဆိုင်တွေလဲနာကြင်ရလွန်းလို့ ငိုညည်းနေလေရဲ့ 
ချစ်သူရေ…….
ကြားရလား ကွယ်
ကောင်းကင်ရဲ့ မျက်နှာတော်ပုတ်သိုးနေသလို
ဘယ်ဖက်ရင်အုံအတွင်းမှာလဲငိုနေတယ်
သံစဉ်မဲ့ တေးသွားတွေ သီဆိုနေတဲ့ 
တံစက်မြိတ်အောက်က
ကမ္ဘာကြီးရဲ့ အစိတ်အပိုင်း အချို့ ဟာလဲ
သရုပ်ပျက် အကတွေနဲ့ အတူ
ငါ့ကိုလှောင်ပြောင်သေ၇ာ်နေကျတယ်လေ
ဘာပဲဖြစ်ဖြစ်ပေါ့….
ငါ့စိတ်ရိုင်းတွေချွန်းအုပ်လို့ မနိုင်သေးခင်
အတိုင်းအဆ မရှိ လင်းလက်သွားတဲ့ 
အသိလေးကတော့…………………..
စစ်စစ်(ခ)မောင်မိုးသူ(တောင်ကြီး)
In: ကဗျာ Posted By: Date: Sep 10, 2011
Comment #1
ကောင်းပါတယ်………….အားပေးနေတယ်……
commentinfo By: May Kha at Sep 10, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment